ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအားလုံး COVID-19 ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံပြီးမှသာ ဝင်ရောက်ခွင့်ရမည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအားလုံး COVID-19 ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံပြီးမှသာ ဝင်ရောက်ခွင့်ရမည်
Published 1 August 2022

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအားလုံး COVID-19 ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံပြီးမှသာ ဝင်ရောက်ခွင့်ရမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၁ ရက်မှစတင်ကာ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များအား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်အရ သြဂုတ် ၁ ရက်မှစတင်ကာ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအားလုံးသည် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက အသိမှတ်ပြုထားသည့် COVID-19 ရောဂါကာကွယ်ဆေးတစ်မျိုးမျိုးအနက် တစ်မျိုးမျိုးကို မြန်မာနိုင်ငံသို့ ဆိုက်ရောက်သည့် နေ့ရက်မတိုင်မီ လွန်ခဲ့သော ၁၄ ရက်ကျော်က အကြိမ်ပြည့်ထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်၊ RT-PCR နည်းဖြင့် စစ်ဆေးထုတ်ပေးထားသည့် ဓာတ်ခွဲအဖြေ၊ နိုင်ငံခြားသားခရီးသွားများအတွက် မြန်မာ့အာမခံလုပ်ငန်းထံမှ COVID-19 ဆိုင်ရာကျန်းမာရေးအာမခံစသည်ဖြင့် စာရွက်စာတမ်း အထောက်အထားများ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ခရီးသွားများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် လေဆိပ်တာဝန်ရှိသူများမှ သတ်မှတ်ထားသောနေရာတွင် COVID-19 Antigen Rapid Diagonstic Test (RDT) နည်းဖြင့် COVID-19 စစ်ဆေးခြင်းကို ခံယူရမည်ဖြစ်ပြီး ကုန်ကျစရိတ်အဖြစ် ခရီးသည်တစ်ဦးလျှင် မြန်မာကျပ် ၁၅၀၀၀ မိမိအစီအစဉ်ဖြင့် ကျခံရမည်ဖြစ်သည်။ ဓာတ်ခွဲအဖြေတွင် ရောဂါပိုးမတွေ့ရှိပါက ခရီးသွားများအနေဖြင့် မိမိတို့၏ ခရီးစဉ်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပုံမှန်အားဖြင့် ဓာတ်ခွဲအဖြေကို နှာခေါင်းတို့ဖတ်ရယူအပြီး တစ်နာရီအတွင်း ကျန်းမာရေးဌာနက ခရီးသည်အား ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

ခရီးသွားများတွင် ကိုယ်အပူချိန်မြင့်တက်ခြင်းအပါအဝင် COVID-19 ရောဂါလက္ခဏာများတွေ့ရှိလျှင် သို့မဟုတ် RDT နည်းဖြင့် စစ်ဆေးစဉ်အတွင်း COVID-19 ရောဂါရှိကြောင့် တွေ့ရှိလျှင် ၎င်းတို့ကို ကျန်းမာရေးအစီအမံများနှင့်အညီ ချက်ချင်းသီးခြားထားရှိမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဆေးရုံ (သို့မဟုတ်) ကုသရေးစင်တာ (သို့မဟုတ်) ဟိုတယ်သို့ လွှဲပြောင်းပို့ဆောင်ကာ ကုသမှုခံယူရမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာခရီးသွားများအား မြန်မာနိုင်ငံတွင် ခရီးတစ်ထောက်ရပ်နားခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ခရီးစဉ်များကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း စျေးလျှော့ရောင်းချမည့် Monsoon Online Travel 2022 အား ဇူလိုင် ၂၅ ရက်တွင် စတင်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ Monsoon Online Travel 2022 အား ဇူလိုင် ၂၅ ရက်မှစတင်ကာ သြဂုတ် ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ထိုကာလအတွင်း ဝယ်ယူသော လေယာဉ်လက်မှတ်များအတွက် ခရီးသွားကာလကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၇ မှ ၂၀၂၃ ခုနှစ် ဧပြီလ ၁၇ ရက်အထိ သတ်မှတ်ပေးထားကြောင်း သိရသည်။

ယင်းပြင် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၉ ရက်မတိုင်ခင်အထိ တစ်ကြိမ်အခမဲ့ ရက်ချိန်းနိုင်သည့်အပြင် Travel Fair ကာလပြီးဆုံးချိန်တွင် လက်မှတ်ဝယ်ယူထားသော ခရီးသည်များအနက်မှ ၁၀ ဦးကို ရွေးချယ်ပြီး မိမိကြိုက်နှစ်သက်ရာ ခရီးစဉ်ကို ရွေးချယ်သွားရောက်နိုင်မည့် လေယာဉ်လက်မှတ်များ ကိုမဲဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထပ်မံ၍ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၁၀ ရက်အတွင်း ပျံသန်းထားသော ပြည်ပခရီးစဉ်၏ အသွားအပြန် Boarding Pass နှစ်စောင်ကို စက်တင်ဘာ ၃၀ ရက်မတိုင်မီ မြန်မာအမျိုးသားလေကြောင်း လက်မှတ်အရောင်းကောင်တာများတွင် ပြသ၍ ပြည်တွင်းခရီးစဉ် One Way Ticket အား 20% လျှော့စျေးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent