ဒီမိုကရေစီတက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်သည့်အပေါ် အာဆီယံက ပြင်းထန်စွာရှုတ်ချသည်ဟု ကမ္ဘောဒီးယား ထုတ်ပြန်

ဒီမိုကရေစီတက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်သည့်အပေါ် အာဆီယံက ပြင်းထန်စွာရှုတ်ချသည်ဟု ကမ္ဘောဒီးယား ထုတ်ပြန်
Published 26 July 2022
Ref:KYODO NEWS

တက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခြင်းမပြုရန် ယခုနှစ်၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံနှင့် အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံများက နစကကို တောင်းဆိုခဲ့လင့်ကစား အဆိုပါတက်ကြွလှုပ်ရှားသူ လေးဦးကို ကွပ်မျက်ခဲ့ခြင်းကို အာဆီယံက ရှုတ်ချလိုက်ပြီး အာဆီယံအနေဖြင့် အလွန်စိတ်ပျက်မိသည်ဟု ဇူလိုင် ၂၅ ရက် ရက်စွဲတပ်ထားသော ထုတ်ပြန်ချက်တွင် ကမ္ဘောဒီးယားအစိုးရက ဖော်ပြခဲ့သည်။

ကွပ်မျက်ခံရသူ လေးဦးတွင် ဦးဖြိုးဇေယျာသော်၊ ဂျင်မီဟုခေါ်သည့် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ကျော်မင်းယု (၅၃နှစ်) တို့ ပါဝင်ခဲ့သည်။ ဦးဖြိုးဇေယျာသော်သည် အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လွှတ်တော်အမတ်ဖြစ်သည်။

ကွပ်မျက်မှုများသည် ပြစ်တင်ရှုတ်ချထိုက်သည်ဟု ထုတ်ပြန်ချက်တွင် ကမ္ဘောဒီးယားက ဖော်ပြထားသည်။ ကွပ်မျက်မှုများသည် အကြမ်းဖက်ခြင်းထက် စေ့စပ်ဆွေးနွေးမှုများမှတစ်ဆင့် မြန်မာပြည်နိုင်ငံတွင် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် အချက်ငါးချက်ပါ ဘုံသဘောတူညီချက်များကို အထူးသဖြင့် အာဆီယံဥက္ကဋ္ဌကမ္ဘောဒီးယားက မြန်မြန်ဆန်ဆန်ဆောင်ရွက်ရေးကို အဟန့်အတားများဖြစ်စေသည်ဟု ဆက်လက်ဖော်ပြထားသည်။

“ပြဿနာရဲ့ရှုပ်ထွေးမှုကို ကောင်းစွာအသိအမှတ်ပြုထားတယ်ဆိုပေမယ့် ပြင်းထန်ရန်လိုတဲ့ ခံစားချက်တွေကို မြန်မာနိုင်ငံရဲ့နေရာအသီးသီးကနေ ခံစားကြရမှာပါ။ အာဆီယံတစ်ခုလုံးအနေနဲ့ အစွမ်းကုန်သည်းခံကြဖို့၊ စိတ်ရှည်ကြဖို့ အခြေအနေကို တင်းမာစေမယ့် လုပ်ရပ်တွေကို ရှောင်ရှားဖို့ တောင်းဆိုပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကျပ်အတည်းကို ထပ်မံကြီးထွားစေမည့် လုပ်ရပ်များကို သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက လုပ်ဆောင်ခြင်းမပြုရန် အာဆီယံက ပြင်းပြင်းထန်ထန် တောင်းဆိုသည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

 

Most Read

Most Recent