လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ကန့်ကွက်ချက်များကို ICJ ပယ်ချ

လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ကန့်ကွက်ချက်များကို ICJ ပယ်ချ
Published 23 July 2022

ဘင်္ဂါလီများအပေါ် မြန်မာနိုင်ငံက လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲချက်နှင့်ပတ်သက်၍ မြန်မာ နိုင်ငံ၏ ကန့်ကွက်ချက်များကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ဇူလိုင် ၂၂ ရက်တွင် ပယ်ချခဲ့သည်။

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ဇူလိုင် ၂၂ ရက်၊ မြန်မာစံတော်ချိန် ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် တရားရုံးအမိန့် ဖတ်ကြားပွဲ ပြုလုပ်ရာတွင် တရားသူကြီး Joan Donoghue က မြန်မာ နိုင်ငံ၏ ကန့်ကွက်ချက်များကို ပယ်ချကြောင်း ဆုံးဖြတ်ချက်ကို ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

ICJ တွင် ဂမ်ဘီယာနိုင်ငံက တင်ပြထားသော လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်နှင့်ပတ်သက်၍ လက်ခံကြား နာခြင်းမပြုရန် မြန်မာနိုင်ငံက ကန့်ကွက်ထားသည်။

မြန်မာနိုင်ငံဘက်က ကန့်ကွက်ထားသော အချက် လေးချက်အနက်  အချက်သုံးချက်ကို ICJ တရားသူကြီး အားလုံးက ပယ်ချခဲ့ပြီး ကျန်တစ်ချက်ကို တရားသူကြီး ၁၅ ဦးက ပယ်ချခဲ့ပြီး ကျန်တစ်ဦးက ထောက်ခံခဲ့သည်။

ယခု အမိန့်ဖတ်ကြားပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရားရုံး တွင် လာရောက်နားထောင်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ကန့်ကွက်ချက်များကို ICJ က ပယ်ချခဲ့ပြီးနောက် ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသည့် မြန်မာနိုင်ငံ တွင် ဘင်္ဂါလီများအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်မှုများ ရှိခဲ့သည်ဟူသော စွပ်စွဲချက်များကို ဆက်လက် ကြားနာမည်ဖြစ်သည်။

ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံအနေဖြင့်  အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide)ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့်ပတ်သက်သည့် ကားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှု တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားသည့်အမှုကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၈ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ  ICJ တရားရုံးတွင် သွားရောက်ရင်ဆိုင်ခဲ့သည်။

Most Read

Most Recent