ငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွက် ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံ ဖြစ်ရမည်ဖြစ်ကြောင်းအပါအဝင် မြန်မာ့အရေးနှင့် ပတ်သက်၍ အချက်သုံးချက်အား နစကဘက်မှ ပြောကြားခဲ့ကြောင်း အာဆီယံအထူးကိုယ်စားလှယ်ပြောကြား

ငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွက် ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံ ဖြစ်ရမည်ဖြစ်ကြောင်းအပါအဝင် မြန်မာ့အရေးနှင့် ပတ်သက်၍ အချက်သုံးချက်အား နစကဘက်မှ ပြောကြားခဲ့ကြောင်း အာဆီယံအထူးကိုယ်စားလှယ်ပြောကြား
Published 8 July 2022

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး လည်းဖြစ် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးလည်းဖြစ်သော ပရက်ဆော့ခွန်း သည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး  သံတမန်အဖြစ် မြန်မာနိုင်ငံကို လာရောက် သည့် ဒုတိယအကြိမ်ခရီးစဉ်တွင် အကျိုးဖြစ် ထွန်းမှု အနည်းငယ်ရရှိခဲ့သည်ဟု ပြောကြား ခဲ့သော်လည်း ၎င်းင်းသည် မြန်မာအကျပ်အ တည်းအတွက် ဘုရားပေးသော ဆေးမဟုတ် ဟု သတိပေးပြောကြားခဲ့သည်။

ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၃ ရက်ခရီးစဉ် အပြီးတွင် ပရက်ဆော့ခွန်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်ဖြစ်သည်။

ဇူလိုင်လ ၆ ရက်တွင် ဖနွမ်ပင်ကို ပြန် လည်ရောက်ရှိလာရာတွင် ၎င်းင်းက သတင်း ထောက်များနှင့် ပြည်ပသံတမန်များကို ၎င်းင်း ၏ ပြည်ပခရီးစဉ်နှင့် စပ်လျဉ်း၍ အကျိုးဖြစ် ထွန်းမှု အနည်းငယ်ရှိခဲ့သည်ဟု ပြောကြား ခဲ့သည်။

နစက ခေါင်းဆောင်များက အတိုက်အခံ အဖွဲ့ဝင်အချို့ တိုက်ခိုက်မှုများကို ရပ်မည်ဆို ပါက ယင်းအတိုက်အခံများကို လက်ခံဖွယ် ရှိသည်ဟု အရိပ်အမြွက်ပြောကြားခဲ့ကြောင်း  ပရက်ဆော့ခွန်းက ပြောကြားခဲ့ပြီး သို့ရာ တွင် စိတ်ချရသော အခြေအနေများအရသာ လက် ခံဖွယ်ရှိသည်ဟု ဆိုသည်။

“နကစရဲ့အဓိက သတ်မှတ်ချက်ကတော့ အတိုက်အခံအုပ်စုတွေအနေနဲ့ အတွေးအ ခေါ်တွေကို ပြောင်းရမယ်ဆိုတာရယ်၊ အချက် သုံးချက်ပါဝင်ရမယ်ဆိုတာရယ်ပဲ ဖြစ်ပါ တယ်။ ပထမအချက်ကတော့ အတိုက်အခံ တွေအနေနဲ့ အစိုးရအဖွဲ့ထဲ ဝင်ချင်ရင် အစိုးရ အဖွဲ့ကို ဖျက်ဆီးဖို့ ကြိုးပမ်းတာကို ဆက်မ လုပ်ရဘူး။ ဒုတိယအချက်ကတော့ သူတို့( နစက)အစိုးရအဖွဲ့ကို အစားထိုးမှာ မဟုတ် ဘူးဆိုတဲ့အချက်၊ တတိယအချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံဟာ ငြိမ်းချမ်းရေးဆွေးနွေးမှု တွေအတွက် အခြေခံဖြစ်ရမယ်ဆိုတာပဲဖြစ် တယ်” ဟု ပရက်ဆော့ခွန်းက ပြောကြားခဲ့ သည်။

အဆိုပါလိုအပ်ချက်များကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သတ် မှတ် မည်ဖြစ်ဟု ပရက်ဆော့ခွန်းက ဖြည့် စွက် ပြောကြားခဲ့သည်။ ပရက်ဆော့ခွန်းသည် မြန်မာနိုင်ငံကို လာသည့် ဒုတိယအကြိမ်ခရီး စဉ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် နှစ်နာရီကျော်ကြာ တွေ့ဆုံခဲ့သည်။

“သတ်မှတ်ချက်တွေရှိနေတယ်ဆိုပေမယ့် ယုတ်စွအဆုံးကျွန်တော်တို့အနေနဲ့ ဆွေးနွေးတာတွေ စလုပ်ဖို့ လမ်းပွင့်သွားတယ် လို့ ထင်ပါတယ်။ ဘီးတွေကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် နောက်ပြန်လည် နေ တာဖြစ်ပါတယ်။ အခုချိန်မှာတော့ ဘီးတွေ ဟာ ရှေ့ကို လိမ့်နိုင်ပါတယ်။ ဒါပေမဲ့ ဘာမဆို ဖြစ်လာနိုင်စရာရှိတာကတော့ မြန်မာပဋိပက္ခ မှာ ပါဝင်နေတဲ့ သက်ဆိုင်သူအားလုံးအပေါ် မှာမူတည်ပါတယ်။ဒါပေမဲ့တံခါးကတော့ ပွင့် နေပါတယ်။ ပွင့်နေတဲ့ တံခါးထဲ ဝင်လာမယ် မဝင်လာဘူးဆိုတာကတော့  အစောပိုင်း မှာ ကျွန်တော်တို့ ပြောထားသလိုပဲ သူတို့ အပေါ် မှာပဲ မူတည်ပါတယ်” ဟု ပရက်ဆော့ ခွန်းက ဆက်လက် ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံအတွက် လူသား ချင်းစာနာမှုဆိုင်ရာပြဿနာအပါအဝင် အကြောင်းအရာမျိုးစုံကို ပရက်ဆော့ခွန်းက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံကို လူ သားချင်းစာနာမှုအကူအညီပေးရာတွင် ခွဲခြားမှုမရှိဘဲ ပေးသင့်သည်ဟု ၎င်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တောင်းဆိုခဲ့သည်ကို နကစက ငြင်းဆန်ခဲ့ သည်ဟု ၎င်းင်းက ပြောသည

 

 

 

Most Read

Most Recent