UEC ဥက္ကဋ္ဌဟောင်း ဦးလှသိန်း၊ အဖွဲ့ဝင်ဟောင်းဦးမြင့်နိုင် အပါအဝင် သုံးဦးကို ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)ဖြင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်

UEC ဥက္ကဋ္ဌဟောင်း ဦးလှသိန်း၊ အဖွဲ့ဝင်ဟောင်းဦးမြင့်နိုင် အပါအဝင် သုံးဦးကို ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)ဖြင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်
Published 8 July 2022

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အစိုးရလက်ထက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဦးသန်းဌေး နှင့် ဦးမြင့်နိုင်တို့ကို ရာဇသတ်ကြီး ပုဒ်မ ၁၃၀(က)ဖြင့် ထောင်ဒဏ်သုံးနှစ်စီချမှတ် ခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာ သည့် သတင်းများအရ သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းပြုစုခြင်း၊ ကြိုတင်မဲပေးခြင်း ကိစ္စ ရပ်များနှင့်ပတ်သက်၍ ရာဇသတ်ကြီး ပုဒ်မ ၁၃၀-က ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် UEC ဥက္ကဋ္ဌဟောင်း ဦးလှသိန်း၊ အဖွဲ့ဝင်ဟောင်း ဦးသန်းဌေးနှင့် ဦးမြင့်နိုင်တို့ကို ဇူလိုင် ၇ ရက်တွင် နေပြည်တော်အချုပ်ထောင်ရှိ အ ထူးတရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် UEC ဥက္ကဋ္ဌ​​ဟောင်း ဦးလှသိန်း အပါအဝင် အဖွဲ့ဝင်ဟောင်း ၁၅ ဦးတို့အား ရာဇသတ်ကြီး ပုဒ်မ ၁၃၀(က)ဖြင့် တရားစွဲဆို ထားသည့် အခြားအမှုတစ်မှုနှင့်ပတ်သက်၍ ဒဏ်ငွေ ကျပ်တစ်သိန်းစီ ပေးဆောင်ရန် အ မိန့်ချမှတ်ထားကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတာ ဝန်များကို ကြီးကြပ်ရန် ပျက်ကွက်မှုဖြင့် ယခင် ပြည်ထောင်စုရွေးကောင်ပွဲကော်မရှင်  (UEC)၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် ၂၄၁၇ ဦးကို အရေးယူ ဆောင်ရွက်လျက်ရှိရာ ကျူးလွန်သူ ၂၁၇၃ ဦးကို အမှုတွဲအရေအတွက် ၃၇၃ မှု ဖြင့် တ ရားစွဲဆိုခဲ့ကာ  ပြစ်ဒဏ်ချမှတ်ပြီး ၃၆၉ မှုနှင့် ပြစ်ဒဏ်ချမှတ်ရန်ကျန် လေးမှုဖြစ် ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်  (UEC)အဖွဲ့ဝင် ဦးခင်မောင်ဦးက  ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်တွင် ပြောကြားထားသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲကာလတွင် ရွေးကောက်ပွဲနှင့်ပတ်သက် သည့်အမှုပေါင်း ၁၀၇၇ မှု ဖြစ်ပွားခဲ့ပြီး ယင်း အမှုများအနက် ရွေးကောက်ပွဲဥပဒေနှင့် အ ရေးယူဆောင်ရွက်ခဲ့သည့်အမှု ၅၄၆ မှုရှိခဲ့ ကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့က ရရှိသည့်စာရင်းဇယားများ အရ တရားစွဲတင်ပြီး ၃၄၅ မှု၊ ပိတ်သိမ်း ၂၀၀ မှုနှင့် ဥပဒေအကြံပြုချက် တောင်းခံဆဲ တစ် မှုဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြော ကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက “၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနဲ့ တရားမဲ့ပြုကျင့်မှုဖြစ်စဉ် များမှာ ပါဝင်ပတ်သက် ကျူးလွန်ခဲ့ကြတဲ့ နိုင် ငံတော်သမ္မတဟောင်း၊ နိုင်ငံတော်၏အတိုင် ပင်ခံ ပုဂ္ဂိုလ်ဟောင်း၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်းနဲ့ အဖွဲ့ ဝင်များ၊ ဝန်ကြီးဟောင်း ဦးမင်းသူ၊ နေပြည် တော်ကောင်စီ ဥက္ကဋ္ဌဟောင်း၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟောင်းများ၊ လွှတ် တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီ အောင်နိုင်ရေးအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များအပါအဝင် ကျူး လွန်သူ ၄၈၉ ဦးကို အမှုတွဲ ၃၆၄ ခုဖြင့် ဥပဒေ နဲ့အညီ အရေးယူဆောင်ရွက်နိုင်ရေး တရားစွဲ ဆို ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောကြား သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရား မဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင်  ပါဝင်ပတ်သက် ကျူးလွန်သူ ၁၇၀ ဦးကို အမှုတွဲအရေအတွက် ၁၃၇ မှုဖြင့် တရားစွဲဆိုခဲ့ရာတွင် ပြစ်ဒဏ်ချ မှတ်ပြီး ၅၈ မှုနှင့် ပြစ်ဒဏ်ချမှတ်ရန်ကျန် ၇၉ မှုရှိကြောင်း ဦးခင်မောင်ဦးက ပြောကြား သည်။

Most Read

Most Recent