နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူခရီးစဉ်အား နေ့စဉ်ပျံသန်းနေပြီး အင်္ဂါနေ့မှလွဲ၍ တစ်ရက်နှစ်ကြိမ် ပျံသန်းဖြစ်ကာ ခရီးစဉ်တစ်ကြောင်းလျှင် ဒေါ်လာ ၂၄၀ မှ စတင်ရောင်းချ

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူခရီးစဉ်အား နေ့စဉ်ပျံသန်းနေပြီး အင်္ဂါနေ့မှလွဲ၍ တစ်ရက်နှစ်ကြိမ် ပျံသန်းဖြစ်ကာ ခရီးစဉ်တစ်ကြောင်းလျှင် ဒေါ်လာ ၂၄၀ မှ စတင်ရောင်းချ
Published 4 July 2022

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူခရီးစဉ်အားနေ့စဉ် ပျံသန်းနေပြီး အင်္ဂါနေ့မှလွဲ၍ တစ်ရက် နှစ်ကြိမ် ပျံသန်းဖြစ်ကာ ခရီးစဉ်တစ်ကြောင်းလျှင် ဒေါ်လာ ၂၄၀ မှ စတင်ရောင်းချနေကြောင်း သိရသည်။     

စင်ကာပူနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားခရီးသည်များအနေဖြင့် COVID-19 ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးထားပြီးသော Certificate of Vaccination ပြသရန် လိုအပ်မည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းက အသိပေးချက်ထုတ်ပြန်ထားသည်။

COVID-19 ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့် မထိုးထားသော ၁၃ နှစ်နှင့်အထက် Singapore Citizen နှင့် Permanent Resident များအနေဖြင့် PDT၊ Proof of Recovery သို့မဟုတ် pDT Exemption Letter လိုအပ်ပြီး ၁၃ နှစ်နှင့်အထက် Long-Term Pass၊ IPA Holder နှင့် Short-Term Visit ခရီးသည်များအနေဖြင့် PDT၊ Proof of Recovery သို့မဟုတ် PDT Exemption Letter နှင့် Entry Approval သို့မဟုတ် Vaccinztion Exemption လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံအတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ လေယာဉ်စင်းလုံးငှားခရီးစဉ်များ ပျံသန်းရာတွင် ကူမင်း၊ အင်ချွန်းနှင့် စင်ကာပူနိုင်ငံများသို့ Cargo ခရီးစဉ်များအား ငှားရမ်းမှုများပြားကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူ Capt ခုပ်ခန့်မုံက ဆိုသည်။

“ကျွန်တော်တို့ နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းအနေနဲ့ ပြည်ပခရီးစဉ်တွေအနေနဲ့ တရုတ်၊ ကူမင်းကို တိုးချဲ့ပြီး ပျံသန်းမယ်။ နောက်ဗုဒ္ဓဂယာဘုရားဖူးရာသီမှာ ဂယာကိုလည်း ပျံသန်းဖို့အတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ဟောင်ကောင်နဲ့ ဒူဘိုင်းကိုလည်း ပျံသန်းနိုင်ဖို့ စီစဉ်နေပါတယ်။ ဟောင်ကောင်က လက်ရှိမှာ ကိုဗစ်စည်းမျဉ်း၊ စည်းကမ်းအရ ပြေးဆွဲလို့မရသေးပါဘူး။ ဒါပေမဲ့လည်း သူတို့ဆီကနေ ဖြေလျှော့မှုတွေရှိလာရင် ပြန်လည်ပြေးဆွဲသွားမှာပါ။ ဒူဘိုင်းကို ပြေးဆွဲဖြစ်မယ်ဆိုရင် တစ်ပတ်ကို နှစ်ခေါက် ပျံသန်းဖို့စီစဉ်ထားပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူ Capt ခုပ်ခန့်မုံက ဆိုသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်များအား မြန်မာနိုင်ငံတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ စင်းလုံးငှားခရီးစဉ် ငှားရမ်းပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ ပြည်တွင်းခရီးစဉ်များတွင် Mobile Application မှ တစ်ဆင့် Online Check-in ပြုလုပ်ပြီး E-Boarding Pass ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Check-in သည် ပြည်တွင်းခရီးစဉ်များအတွက်သာဖြစ်ပြီး လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၂၄ နာရီမှ ၇၅ မိနစ်အတွင်း အချိန်မရွေး Online Check-in  ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Check-in ပြုလုပ်ပြီး ရရှိလာသော E-Boarding Pass အား Print ထုတ်ပြီး ယူဆောင်လာရမည်ဖြစ်သည်။ Mobile Application ကို App Store နှင့် Google Play Store တို့တွင် Download ပြုလုပ်ပြီး Mobile Application တွင် ခရီးစဉ်အချိန်ဇယားများရှာဖွေခြင်း၊ လေယာဉ်လက်မှတ် ဝယ်ယူခြင်း၊ ငွေပေးချေခြင်း၊ မိမိ၏ခရီးစဉ်အချက်အလက်များစစ်ဆေးခြင်း၊ Online Check-in ပြုလုပ်ခြင်းနှင့် E-Boarding Pass ရယူခြင်း အစရှိသော ခရီးစဉ်ဆိုင်ရာဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းမှ ပြည်တွင်းရှိ မြို့ပေါင်း၂၈ မြို့ကို ပျံသန်းလျက်ရှိပြီး ပြည်တွင်းခရီးစဉ်အများဆုံးပျံသန်းနေသည့် လေကြောင်းလိုင်းတစ်ခု ဖြစ်သည်။

Most Read

Most Recent