စင်ကာပူနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားခရီးသည်များအနေဖြင့် COVID-19 ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးထားပြီးသော Certificate of Vaccination ပြသရန် လိုအပ်မည်

စင်ကာပူနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားခရီးသည်များအနေဖြင့် COVID-19 ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးထားပြီးသော Certificate of Vaccination ပြသရန် လိုအပ်မည်
Published 1 July 2022

စင်ကာပူနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားခရီးသည်များအနေဖြင့် COVID-19 ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးထားပြီးသော Certificate of Vaccination ပြသရန် လိုအပ်မည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းက အသိပေးချက်ထုတ်ပြန်ထားသည်။

COVID-19 ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့် မထိုးထားသော ၁၃ နှစ်နှင့်အထက် Singapore Citizen နှင့် Permanent Resident  များအနေဖြင့် PDT ၊Proof of Recovery သို့မဟုတ် PDT Exemption Letter လိုအပ်ပြီး ၁၃ နှစ်နှင့် အထက် Long-Term Pass ၊ IPA Holder နှင့် Short –Term Visit ခရီးသည်များအနေ ဖြင့် PDT ၊Proof of Recovery သို့မဟုတ် PDT Exemption Letter နှင့်Entry Approval သို့မဟုတ် Vaccination Exemption Letter လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံအတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ လေယာဉ်စင်းလုံးငှားခရီးစဉ်များ ပျံသန်းရာတွင် ကူမင်း၊ အင်ချွန်းနှင့် စင်ကာပူနိုင်ငံများ သို့ Cargo ခရီးစဉ်များအား ငှားရမ်းမှု  များပြားကြောင်း မြန်မာအမျိုးသားလေ ကြောင်းလိုင်း၏ စီအီးအိုဖြစ်သူ Capt ခုပ်ခန့်မုံက ပြောကြားသည်။

“ကျွန်တော်တို့ နိုင်ငံပိုင်မြန်မာအမျိုးသား လေကြောင်းလိုင်းအနေနဲ့ ပြည်ပခရီးစဉ်တွေအနေနဲ့ တရုတ်၊ ကူမင်းကို တိုးချဲ့ပြီးပျံသန်းမယ်။ နောက် ဗုဒ္ဓဂယာဘုရားဖူးရာသီမှာ ဂယာကိုလည်း ပျံသန်းဖို့အတွက် စီမံ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့ပြင် ဟောင်ကောင်နဲ့ ဒူဘိုင်းကိုလည်း ပျံသန်းနိုင်ဖို့ စီစဉ်နေပါတယ်။ ဟောင်ကောင်က လက်ရှိမှာ ကိုဗစ်စည်းမျဉ်း၊ စည်းကမ်းအရ ပြေးဆွဲလို့ မရသေးပါဘူး။ ဒါပေမဲ့လည်း သူတို့ဆီကနေ ဖြေလျှော့မှုတွေရှိလာရင် ပြန်လည်ပြေးဆွဲသွားမှာပါ။ ဒူဘိုင်းကို ပြေးဆွဲဖြစ်မယ်ဆိုရင် တစ်ပတ်ကို နှစ်ခေါက် ပျံသန်းဖို့စီစဉ်ထားပါတယ်”ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူ Capt ခုပ်ခန့်မုံက ပြောကြား သည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်များအား မြန်မာနိုင်ငံတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ စင်းလုံးငှားခရီးစဉ် ငှားရမ်းပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

လေယာဉ်စင်းလုံးငှားခရီးစဉ်နှင့် ပတ်သက်သော အချက်အလက်များကို [email protected] သို့ email ပေးပို့၍ အသေး စိတ်မေးမြန်းနိုင်ကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)၏ ပြည်တွင်း ခရီးစဉ်များတွင်  Mobile Application မှ တစ်ဆင့် Online Check-in ပြုလုပ်ပြီး E-Boarding Pass ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Online  Check-inသည် ပြည်တွင်း ခရီးစဉ်များအတွက်သာဖြစ်ပြီး လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၂၄ နာရီမှ ၇၅ မိနစ်အတွင်းအချိန်မရွေး Online Check-in ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Check-in ပြုလုပ်ပြီး ရရှိလာသော E-Boarding Pass အား Print ထုတ်ပြီး ယူဆောင်လာရမည်ဖြစ်သည်။ Mobile Application ကို App Store နှင့် Goggle Play Store တို့တွင် Dowload ပြုလုပ်ပြီး Mobile Application တွင် ခရီးစဉ်အချိန် ဇယားများရှာဖွေခြင်း၊ လေယာဉ်လက်မှတ် ဝယ်ယူခြင်း၊ ငွေပေးချေခြင်း၊ မိမိ၏ခရီးစဉ် အချက်အလက်များစစ်ဆေးခြင်း၊ Online  Check-in ပြုလုပ်ခြင်းနှင့် E-Boarding Pass ရယူခြင်း အစရှိသော ခရီးစဉ်ဆိုင်ရာ ဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းမှ ပြည်တွင်းရှိမြို့ပေါင်း၂၈မြို့ကို ပျံ သန်းလျက်ရှိပြီး ပြည်တွင်းခရီးစဉ် အများဆုံး ပျံသန်းနေသည့် လေကြောင်းလိုင်းတစ်ခုဖြစ်သည်။ ယင်းပြင် ပြည်ခရီးစဉ်များဖြစ်သော စင်ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်၊ ကွာလာလမ်ပူ၊ ကူမင်း၊ ချန်ဒူး၊ နယူးဒေလီ၊ ကလကတ္တားနှင့် မနီလာမြို့များသို့ ပျံသန်းနေပြီး နိုင်ငံတကာခရီးစဉ်များကိုလည်း ဆက်လက် တိုးချဲ့ပျံသန်းရန် စီစဉ်နေကြောင်းလည်း သိရသည်။

 

Most Read

Most Recent