ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ TMH တယ်လီကွန်းကုမ္ပဏီက Mini Budget ကာလအတွင်း ဝင်ငွေ ကျပ် ၂ ဒသမ ၆ ဘီလျံရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၇၂ ရာခိုင်နှုန်း တိုးမြင့်ရရှိ

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ TMH တယ်လီကွန်းကုမ္ပဏီက Mini Budget ကာလအတွင်း ဝင်ငွေ ကျပ် ၂ ဒသမ ၆ ဘီလျံရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၇၂ ရာခိုင်နှုန်း တိုးမြင့်ရရှိ
ရန်ကုန်စတော့အိတ်ချိန်း၌ အရောင်းအဝယ်ဖြစ်မှုအခြေအနေကို လေ့လာစောင့်ကြည်သူများကို တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်း၌ အရောင်းအဝယ်ဖြစ်မှုအခြေအနေကို လေ့လာစောင့်ကြည်သူများကို တွေ့ရစဉ်
Published 1 July 2022

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ TMH တယ်လီကွန်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) အတွင်း ဝင်ငွေကျပ် ၂ ဒသမ ၆ ဘီလျံရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၇၂ ရာခိုင်နှုန်းအထိ တိုးမြင့်ရရှိခဲ့ကြောင်း TMH Telecom Public Company Limited က ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ ခြောက်လတာကာလကို ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် (Mini Budget Year) အဖြစ် သတ်မှတ်ထားသည်။

ကုမ္ပဏီ၏ လုပ်ငန်းသုံးအသုံးစရိတ်သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နှစ်ဝက်ဘဏ္ဍာရေးရှင်းတမ်းနှင့် နှိုင်းယှဉ်ပါက ကျပ် ၀ ဒသမ ၉ ဘီလျံမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁ ဒသမ ၇ ဘီလျံသို့ တိုးလာခဲ့သော်လည်း ကုမ္ပဏီ၏အကြမ်းအမြတ်ရရှိမှုသည် ၂၀၂၀-၂၀၂၁ နှစ်ဝက်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ၄၁ ရာခိုင်နှုန်းတိုးလာခဲ့ပြီး ကျပ် ၀ ဒသမ ၆ ဘီလျံမှ ၀ ဒသမ ၉ ဘီလျံသို့ တိုးတက်ရရှိခဲ့သည်။

မိုဘိုင်းစီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရရှိလာသည့် DTR cash deposit ကြောင့် ကုမ္ပဏီ၏ အခြားဝင်ငွေသည် ကျပ် ၀ ဒသမ ၂ ဘီလျံသို့ တိုးလာခဲ့သည်။ ကုမ္ပဏီ၏ လုပ်ငန်းသုံး ပုံသေကုန်ကျစရိတ်တိုးလာခြင်းနှင့် ငွေကြေးအတက်အကျ၏ သက်ရောက်မှုများကြောင့် ကုမ္ပဏီသည် ၂၀၂၀- ၂၀၂၁ နှစ်ဝက်ဘဏ္ဍာနှစ်တွင် အရှုံးကျပ်ငွေ ၀ ဒသမ ၀၈ ဘီလျံရှိခဲ့ရာမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အရှုံးကျပ် ၀ ဒသမ ၁ ဘီလျံဖြစ်ပေါ်ခဲ့သည်။

Availabl-for-sale ရင်းနှီးမြှုပ်နှံမှုများ၏ တန်ဖိုးကို ပြန်လည်သတ်မှတ်ရာတွင် ကုမ္ပဏီမှ First Myanmar Investment မှ ဝယ်ယူထားသောအစု ရှယ်ယာများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၏ စာရင်းပိတ်သိမ်းချိန်တွင်ရှိ အစုရှယ်ယာစျေးကွက်တွင် ဖော်ပြထားသည့်စျေးနှုန်းနှင့်အညီ တန်ဖိုးပြန်လည်သတ်မှတ်ထားခြင်းဖြစ်သည်။

လက်ငင်းရပိုင်ခွင့်သည် ၂၀၂၀-၂၀၂၁ နှစ်ဝက်ဘဏ္ဍာရေးရှင်းတမ်းနှင့်နှိုင်းယှဉ်ပါက ငါးရာခိုင်နှုန်းတိုးလာခဲ့ပြီး ကျပ် ၁၂ ဒသမ ၅ ဘီလျံမှ ကျပ် ၁၃ ဒသမ ၁ ဘီလျံအထိ တိုးလာခဲ့သည်။ ထိုသို့ဖြစ်ပေါ်ရခြင်း၏အကြောင်းရင်းမှာ လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများနှင့်ပတ်သက်၍ ကန်ထရိုက်တာများထံသို့ ကြိုတင်ပေးချေထားသော ငွေများကြောင့်ဖြစ်သည်။ လက်ငင်းမဟုတ်သော ရပိုင်ခွင့်သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၏ နှစ်ဝက်ဘဏ္ဍာရေးရှင်းတမ်းနှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၂၀ ကျဆင်းခဲ့ပြီး ထိုသို့ဖြစ်ပေါ်ရခြင်း၏အကြောင်းရင်းမှာ ကုမ္ပဏီ၏အစုစပ်ကုမ္ပဏီတစ်ခုဖြစ်သော Myanmar GT Broadband Co.Ltd မှ အရှုံးအမြတ်ကို အစုစပ်ခွဲဝေမှုအချိုးအစားအတိုင်း ထည့်ဝင်ထားမှုကြောင့်ဖြစ်သည်။ ပေးဆောင်ရန်ကျန်ရှိသောအခွန်အခများကို စီမံကိန်းလုပ်ငန်းပြီးစီးသည့်အချိန်တွင် ဝင်ငွေအဖြစ်ပြောင်းလဲစာရင်း ရေးသွင်းရမည့်ကြိုတင်ရငွေများကြောင့် လက်ငင်းပေးရန်တာဝန်သည် ၂၀၂၀-၂၀၂၁ နှစ်ဝက်ဘဏ္ဍာရေးရှင်းတမ်းနှင့်နှိုင်းယှဉ်ပါက ကျပ် ၁ ဒသမ ၁ ဘီလျံမှ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျပ် ၂ ဒသမ ၁ ဘီလျံတိုးလာခဲ့သည်။

TMH ကုမ္ပဏီ၏ စီမံခန့်ခွဲရေးအဖွဲ့သည် ကုမ္ပဏီ၏ရေရှည်တည်တံ့မှုကို ကာကွယ်ရန် စိန်ခေါ်မှုကြီးမားသည့် စီးပွားရေးရပ်ဝန်းတွင် ပြောင်းလဲမှုများအားလုံးကို စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း၊ ဆုံးရှုံးနိုင်ခြေရှိသော အခြေအနေအရပ်ရပ်ကို စောင့်ကြည့်အကဲဖြတ်လျက်ရှိပြီး ပြောင်းလဲနေသော စီးပွားရေးရပ်ဝန်းမှ အခွင့်အလမ်းများကို ဆုပ်ကိုင်ရန် မဟာဗျူဟာချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent