လာမည့် ဇူလိုင် ၂ ရက်မှစတင်ကာ ထိုင်းနိုင်ငံမှ Thai Smile လေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား တစ်ရက်နှစ်ကြိမ် ပျံသန်းမည်

လာမည့် ဇူလိုင် ၂ ရက်မှစတင်ကာ ထိုင်းနိုင်ငံမှ Thai Smile လေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား တစ်ရက်နှစ်ကြိမ် ပျံသန်းမည်
Published 27 June 2022

လာမည့် ဇူလိုင် ၂ ရက်မှစတင်ကာ ထိုင်းနိုင်ငံမှ Thai Smile လေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်ခရီးစဉ်အား တစ်ရက် နှစ်ကြိမ် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် Thai Smile လေကြောင်းလိုင်းသည် ရန်ကုန်-ဘန်ကောက်ခရီးစဉ်အား တစ်ရက်တစ်ကြိမ် ပျံသန်းနေခြင်းဖြစ်သည်။

ယင်းပြင်လာမည့် ဇူလိုင် ၁ ရက်မှစတင်ကာ ထိုင်းနိုင်ငံမှ Nok Air လေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်ခရီးစဉ် စတင်ပျံသန်းမည်ဖြစ်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၊ MAI လေကြောင်းလိုင်း၊ Thai Smile လေကြောင်းလိုင်းနှင့် Air Asia လေကြောင်းလိုင်းတို့က ခရီးစဉ်များပျံသန်းနေခြင်းဖြစ်သည်။

လာမည့် ဇူလိုင် ၁ ရက်မှစတင်ကာ ထိုင်းနိုင်ငံ ဘန်ကောက်သို့ ၁၄ ရက်ဗီဇာဖြင့် သွားရောက်မည့်ခရီးသည်များ Thailand Pass နှင့် Covid Medical Insurance လျှောက်ထားရန် မလိုအပ်တော့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်မည့်ခရီးသည်များအနေဖြင့် အနည်းဆုံးခြောက်လသက်တမ်းရှိ နိုင်ငံကူးလက်မှတ်၊ လေယာဉ်လက်မှတ်၊ Thailand Pass၊ Covid Medical insurance၊ Covid Vaccine Cerificat နှင့် တည်းခိုမည့်ဟိုတယ် သို့မဟုတ် အိမ်လိပ်စာတို့ပြသရန် လိုအပ်မည်ဖြစ်သည်။

အဆိုပါလိုအပ်ချက်များအနက် ၁၄ ရက်ဗီဇာဖြင့် သွားရောက်မည့်ခရီးသည်များအနေဖြင့် Thailand Pass နှင့် Covid Medical Insurance အား လာမည့်ဇူလိုင် ၁ ရက်မှစတင်ကာ လျှောက်ထားရန် မလိုအပ်ဘဲ ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုဖြစ်သည့် AirAsia (Behad) ၏ ကွာလာလမ်ပူ-ရန်ကုန်လေကြောင်း ခရီးစဉ်များကို ၂၀၂၂ ခုနှစ် ဇွန် ၃ ရက်မှစတင်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပျံသန်းခဲ့ကြောင်း သိရသည်။

AirAsia (Behad) သည် ရန်ကုန်မြို့နှင့် ကွာလာလမ်ပူမြို့အကြားအပတ်စဉ် တနင်္လာနှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင် နှစ်ကြိမ် တိုက်ရိုက်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

Commercial Flight များဆင်းသက်မှု ပြန်လည်စတင်နေပြီဖြစ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  Nok Air၊ Thai Smileနှင့် Air Asia လေကြောင်းလိုင်းများက ခရီးစဉ်များ ပြန်လည်ပျံသန်းမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ သိရသည်။

လက်ရှိတွင် Commercial Flight များ ဆင်းသက်မှု ပြန်လည်စတင်နေပြီဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  Malaysia Airlines၊ Singapore Airlines၊ ပြည်တွင်းလေကြောင်းလိုင်း နှစ်ခုဖြစ်သည့် MAI နှင့် MNA လေကြောင်းလိုင်းများက နိုင်ငံတကာခရီးစဉ်များကို ပျံသန်းနေခြင်းဖြစ်သည်။

ယင်းပြင်ဇွန် ၁ ရက်တွင် Thai Smile လေကြောင်းလိုင်း၊ ဇွန် ၃ ရက်တွင် Air Asia လေကြောင်းလိုင်းတို့က ရန်ကုန်-ဘန်ကောက်ခရီးစဉ်အား စတင်ပျံသန်းခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent