၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်လနီးပါးအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁၉၆ သန်းနီးပါး ဖြစ်ပေါ်

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်လနီးပါးအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁၉၆ သန်းနီးပါး ဖြစ်ပေါ်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 4 June 2022

၂၀၂၂-၂၃ ဘဏ္ဍာနှစ် နှစ်လနီးပါး အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ကဏ္ဍ၌ ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁၉၆ သန်းနီးပါး ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ကုန်သွယ်ရေးလိုငွေဆိုသည်မှာ မိမိနိုင်ငံက တင်ပို့သည့်ပို့ကုန်ပမာဏထက် အခြားနိုင်ငံများမှ တင်သွင်းသည့် သွင်းကုန်ပမာဏ က ပို၍များနေခြင်းကို ဆိုလိုသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်ရေးဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု နှစ် ခုလုံးဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေ ၂၇ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု စုစုပေါင်းပမာဏ ဒေါ်လာ ၄၇၂၃ ဒသမ ၂၀၆ သန်းရရှိထားသည်။

အဆိုပါကာလအတွင်း စုစုပေါင်းပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၂၂၆၃ ဒသမ ၆၉၁ သန်းရှိပြီး သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၂၄၅၉ ဒသမ ၅၁၅ သန်းအထိ ရှိသည်။

လက်ရှိဘဏ္ဍာနှစ် မေလကုန်ပိုင်းအထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု၌ ပို့ကုန်တင်ပို့မှုသည် သွင်းကုန်တင်သွင်းမှုထက် ဒေါ်လာ ၁၉၅ ဒသမ ၈၂၄ သန်း လျော့ကျခဲ့သည်။ ထို့ကြောင့် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁၉၅ ဒသမ ၈၂၄ သန်းဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် မေလကုန်ပိုင်းအထိ ပင်လယ်ရေကြောင်းကုန်သွယ်မှု ဒေါ်လာ ၃၇၁၄ ဒသမ ၆၄၉ သန်းရရှိသည်။ ယင်းအ နက် ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၁၅၁၁ ဒသမ ၀၈၅ သန်းသာရှိပြီး သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၂၂၀၃ ဒသမ ၅၆၄ သန်းရှိ သည်။

နယ်စပ်ကုန်သွယ်မှုတွင် ဒေါ်လာ ၁၀၀၈ ဒသမ ၅၅၇  သန်းရှိပြီး ယင်းအနက် ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၇၅၂ ဒသမ ၆၀၆ သန်းအထိရှိပြီး သွင်းကုန်တင်သွင်းမှု ဒေါ်လာ၂၅၅ ဒသမ ၉၅၁ သန်းသာရှိသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံ၏ နှစ်အလိုက် ကုန်သွယ်ရေး လိုငွေ/ပိုငွေ ဖြစ်ပေါ်မှုများကို လေ့လာကြည့်ပါက ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေး လိုငွေ ဒေါ်လာ ငါးဘီလျံကျော်ရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ် ရေးလိုငွေ ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော်၊ ၂၀၁၈ ခုနှစ်ကြားကာလ ခြောက်လတွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ တစ်ဘီလျံကျော်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာတစ်ဘီလျံကျော်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော်ရှိခဲ့သည်။

နှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၈၉၇၇ ဒသမ ၀၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၉၀၆၈ ဒသမ ၉၁၄ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၀၄၅ ဒသမ ၉၂၉ သန်းရရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၄၈၈၃ ဒသမ ၁၆၀ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၆၉၄ ဒသမ ၈၉၂ သန်းဖြင့် ကုန် သွယ်မှုပမာဏဒေါ်လာ ၃၃၅၇၈ ဒသမ ၀၅၂ သန်းရရှိခဲ့သည်။

၂၀၁၈ ခုနှစ် Mini budget တွင် ပို့ကုန်ဒေါ်လာ ၈၈၆၁ ဒသမ ၀၃၂ သန်း၊ သွင်းကုန်ဒေါ်လာ ၉၈၆၇ ဒသမ ၇၈၃ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၇၂၈ ဒသမ ၈၁၅ သန်းရရှိခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန် ဒေါ်လာ ၁၇၀၆၀ ဒသမ ၄၁၅ သန်း၊ သွင်းကုန် ဒေါ်လာ ၁၈၀၈၆ ဒသမ ၅၉၇ သန်းဖြင့် ကုန် သွယ်မှုဒေါ်လာ ၃၅၁၄၇ ဒသမ ၀၁၂ သန်းရရှိခဲသည္။