၁၉၉၄ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ကျပ် ၂၂၇၁၉ ဘီလျံကျော်အထိ မြှုပ်နှံထား

၁၉၉၄ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ကျပ် ၂၂၇၁၉ ဘီလျံကျော်အထိ မြှုပ်နှံထား
ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကို တွေ့ရစဉ်
ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကို တွေ့ရစဉ်
Published 2 June 2022

၁၉၉၄ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ကျပ် ၂၂၇၁၉ ဘီလျံကျော်ရှိ ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ချက်အရ သိရသည်။

၁၉၉၄ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံသားများက လုပ်ငန်းပေါင်း ၁၈၅၆ ခုတွင် ကျပ် ၂၂၇၁၉၀၈၆ ဒသမ ၄၆ သန်း ရင်းနှီးမြှုပ်နှံရန်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လုပ်ငန်းပေါင်း ၁၃၀ တွင် ကျပ် ၁၈၈၁၄၅၉ ဒသမ ၅၀ သန်းကိုလည်းကောင်း၊ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင်လုပ်ငန်းပေါင်း ၆၃ ခုတွင် ကျပ် ၁၁၇၈၀၂၈ ဒသမ ၃၂ သန်းခွင့် ပြု ပေးခဲ့ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်အထိ ကဏ္ဍအလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် အိမ်ခြံမြေက ဏ္ဍတွင် ၃၀၇၁ ဘီလျံကျော်၊ အခြားကဏ္ဍတွင် ကျပ် ၁၈၆၈ ဘီလျံကျော်၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၂၅၅၆ ဘီလျံကျော်၊ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကျပ် ၁၁၄၁ ဘီလျံကျော်၊ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ကျပ် ၁၁၂၅ ဘီလျံကျော်၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၄၃၆ ဘီလျံကျော်၊ စက်မှုဇုန်ကဏ္ဍတွင်ကျပ် ၃၂၄ ဘီလျံကျော်၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဏ္ဍတွင် ကျပ် ၃၄၇  ဘီလျံကျော်၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၂၂၈ ဘီလျံကျော်၊ သတ္တုကဏ္ဍတွင် ကျပ် ၇၅ ဘီလျံကျော်၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် ကျပ် ၄၂ ဘီလျံကျော်နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင်ကျပ် ၁၃ ဘီလျံ ကျော်မြှုပ်နှံထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တစ်နှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၃၀ ခုကို ခွင့်ပြုခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၁၃ သန်း ကျော်အပါအဝင် ကျပ် ၁၈၈၁ ဘီလျံကျော် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်းလုပ်ငန်းအသစ် ၁၃၀ ခုကို ရင်းနှီး မြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၆၆ ဒငမ ၈၇၃ သန်းအပါအဝင် ကျပ် ၁၅၃၅ ဒသမ ၀၇၅ ဘီလျံဖြင့် ဆောင်ရွက်ရန်ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ဆဲဖြစ်သော လုပ်ငန်းအရေအတွက်ပေါင်း ၃၀ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၄၆ ဒသမ ၇၄၅ သန်းအပါအဝင် ကျပ် ၃၄၆ ဒသမ ၃၈၄ ဘီလျံထပ်မံတိုးမြှင့် ဆောင်ရွက်ရန် ခွင့်ပြုခဲ့ဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၁၃ ဒသမ ၆၁၈ သန်း အပါအဝင် ကျပ် ၁၈၈၁ ဒသမ ၄၅၉ ဘီလျံကိုလုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်း လုပ်ငန်း အသစ် ၂၄၅ ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄ ဒသမ ၂၃၅ ဘီလျံဖြင့် ဆောင်ရွက်ရန်ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ဆဲလုပ်ငန်း ဖြစ်သော လုပ်ငန်းအရေအတွက် ၁၁၀ ခု အတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၂၉၁ ဘီလျံ ထပ်မံတိုးမြှင့်ခွင့် ပြုပေးခဲ့သဖြင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၅၂၆ ဘီလျံခွင့်ပြုပေးခဲ့ သည်။

အခြားတစ်ဖက်တွင် သီလဝါအထူးစီးပွားရေးဇုန်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှစ်ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၆၃ ဒသမ ၂၇၇ သန်းခွင့်ပြုပေးခဲ့သဖြင့်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခွင့်ပြုပမာဏမှာ ဒေါ်လာ ၅ ဒသမ ၆၈၉ ဘီလျံခွင့်ပြုပေးခဲ့ကြောင်း  ဖော်ပြထားသည်။