၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် အခွန်အရပ်ရပ်ကောက်ခံရရှိငွေ ကျပ် ၄၁၆၆၇၁ သန်း ကောက်ခံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်ဦး စီးဌာန၏(ယာယီ)ထုတ်ပြန်ချက်ကို ကိုးကားပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း အခွန် ကောက်ခံရရှိမှုအနေဖြင့် အထူးကုန်စည်ခွန် ကျပ်၄၇၅၉၂ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၉၈၈၆၇ သန်း၊ ဝင်ငွေခွန်ကျပ် ၂၅၇၉၀၂ သန်း၊တံဆိပ်ခေါင်းခွန် ၉၉၃၁ သန်း၊အောင်ဘာလေသိန်းဆုခွန် ၂၃၇၄ သန်း စသည်တို့ ကို ကောက်ခံရရှိခဲ့ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ် ကောက်ခံရရှိမှုစုစုပေါင်း ၄၇၄၅ ဒသမ ၇၃၂ ဘီလျံရရှိခဲ့ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန (IRD)၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။
နှစ်အလိုက် ပြည်ထောင်စု၏အခွန် ကောက်ခံရရှိမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၁၄၂၉ ဒသမ ၇၆၆ သန်း၊၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃၂၉၆ ဒသမ ၇၆၁ သန်း၊၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၈၇၇၆ ဒသမ ၃၅၁ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၆၅၁၇၉၇၉ ဒသမ ၃၆၈ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၆၃၁၄၇၃၃ ဒသမ၆၅၇ သန်း၊၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၇၁၂၂၄၃၀ ဒသမ ၂၂၈ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၇၄၂၃၇၂၄ ဒသမ ၉၈၄ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ကြားကာလခြောက်လတွင် ကျပ် ၃၄၂၄၂၀၆ ဒသမ ၈၃၂ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၈၃၆၀၃၀၃ ဒသမ ၅၆၈ သန်းရရှိခဲ့သည်။
နှစ်စဉ်ဝင်ငွေခွန်ရငွေစာရင်းအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန်ကျပ် ၃၃၇၉ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ထက် ကျပ် ၆၈၇ ဘီလျံပိုမိုရရှိခဲ့သည်။
နှစ်စဉ်အထူးကုန်စည်ခွန် ရငွေစာရင်းများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှစက်တင်ဘာအထိ ကျပ် ၁၂၆၆၉၁၂ ဒသမ ၄၂ သန်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ကျပ် ၁၄၂၉၁၂၀ ဒသမ ၇၅ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ၆၀၄၉၂၄ ဒသမ ၂၄ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဧပြီမှမတ်လအထိကျပ် ၁၂၄၀၂၁၄ ဒသမ ၁၁ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှ မတ်လတွင် ကျပ် ၉၉၄၂၃၅ ဒသမ ၇၃ သန်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။
နှစ်အလိုက် ကုန်သွယ်လုပ်ငန်းခွန်ရငွေ စာရင်းအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှ မတ်လအထိ ကျပ် ၁၈၇၇၈၅၁ ဒသမ ၇၇ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီမှ မတ်လအထိ ကျပ် ၁၉၇၄၆၉၉ ဒသမ ၁၃ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာလအထိ ကျပ် ၉၂၀၆၁၈ ဒသမ ၁၄ သန်း၊၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှစက်တင်ဘာလ အထိကျပ် ၂၂၅၆၇၇၀ ဒသမ ၂၀ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ ကျပ် ၂၁၁၀၁၈၇ ဒသမ ၂၁ သန်းရရှိခဲ့သည်။
မြန်မာနိုင်ငံ၏ နှစ်အလိုက် အခွန်ကောက်ခံရရှိမှုပမာဏများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်တွင် ကျပ် ၁၆၈၃ ဘီလျံ၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၉ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၆၅၁၈ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၆၃၁၅ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၇၁၂၂ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၇၄၂၃ ဘီ လျံ၊ ၂၀၁၈ ဧပြီ-စက်တင်ဘာ ခြောက်လတာ ကြားကာလတွင် ကျပ် ၂၇၉၂ ဘီလျံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၇၇၉၁ ဘီလျံ ကောက်ခံနိုင်ခဲ့သည်။