၂၀၂၂ ခုနှစ် မေလ ဒုတိယပတ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပသို့ ဆန်တန်ချိန် ၁၆၀၄၀ ကျော်တင်ပို့ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံသို့ အများဆုံးဖြစ်

၂၀၂၂ ခုနှစ် မေလ ဒုတိယပတ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပသို့ ဆန်တန်ချိန် ၁၆၀၄၀ ကျော်တင်ပို့ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံသို့ အများဆုံးဖြစ်
၀ါးတန်းဆန်ကုန်စည်ဒိုင်အတွင်း ဆန်အရောင်းအဝယ်ပြုလုပ်နေမှုကို တွေ့ရစဉ်
၀ါးတန်းဆန်ကုန်စည်ဒိုင်အတွင်း ဆန်အရောင်းအဝယ်ပြုလုပ်နေမှုကို တွေ့ရစဉ်
Published 28 May 2022

၂၀၂၂ ခုနှစ် မေလဒုတိယပတ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပသို့ ဆန်တန်ချိန် ၁၆၀၄၀ ကျော်တင်ပို့ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံသို့ အများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

၂၀၂၂ ခုနှစ် မေ ၇ ရက်မှ ၁၃ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၅ ဒသမ ၇၀၄ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၆၀၄၀ ကျော် တင်ပို့ခဲ့ကြောင်း ၊အဆိုပါကာလအတွင်း ဆန်တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၇၃၇၀ ကျော်နှင့် အာရှနိုင်ငံများသို့ ဆန်တန် ချိန် ၈၆၆၀ ကျော် တင်ပို့နိုင်ခဲ့သည်။

မြန်မာနိုင်ငံမှ ဆန်တင်ပို့မှုအများဆုံးနိုင်ငံများမှာ ပိုလန်နိုင်ငံသို့ ၁၅၂၈ ခန့်၊ စပိန်နိုင်ငံသို့ ၃၀၀၀ တန်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၀၊ ရိုမေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ ပြင်သစ်နှင့်ချက်နိုင်ငံသို့ တန် ၅၀ စီ အသီးသီး တင်ပို့ခဲ့သည်။ အာရှ နိုင်ငံများဖြစ်သော တရုတ်နိုင်ငံသို့ ဆန်တန် ချိန် ၁၇၂၀၊ ဖိလစ်ပိုင်နိုင်ငံသို့ ၆၅၂၀ ၊ ထိုင်ဝမ်သို့ တန်ချိန် ၃၀၀၊ ဟောင်ကောင်သို့ တန်ချိန် ၁၀၀ ကျော်နှင့် စင်ကာပူနိုင်ငံသို့ ၂၄ တန် တင်ပို့ခဲ့သည်။

ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းမှ ဆန်တန်ချိန် ၂၉၂၀၀ ကျော် တင်ပို့ခဲ့သည့် အတွက် ယခုတစ်ပတ် ဆန်တင်ပို့မှု လျော့ကျခဲ့သည်။ တရုတ်နိုင်ငံသို့ တန်ချိန် ၅၀၀၀ နီးပါး၊ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၈၀၀၀ ကျော် လျော့ကျခဲ့ပြီး အာဖရိကနိုင်ငံများသို့ ဆန်တင်ပို့မှုမရှိခြင်းကြောင့် ဆန်တန်ချိန် ၁၃၀၀၀ ကျော် လျော့နည်းခဲ့ကြောင်း သိရသည်။

မေ ၇ ရက်မှ ၁၃ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန် ကွဲ ၁၅၈၄၀ တန်ခန့်၊ တန်ဖိုး ဒေါ်လာ ၅ ဒသမ ၀၉၁ သန်းရရှိခဲ့ကြောင်း သိရသည်။ တင်ပို့မှု အနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၁၃၇၆၀ ခန့်နှင့်တရုတ်သို့ ဆန်ကွဲ တန်ချိန်၂၀၈၀ တင်ပို့ခဲ့သည်။ယခင်တစ်ပတ်ထက် ဆန်ကွဲတင်ပို့မှု တန်ချိန် ၅၀၀၀ ကျော် လျော့နည်းရခြင်းမှာ ပိုလန်နှင့် တရုတ်နိုင်ငံ သို့တင်ပို့မှုလျော့နည်းခဲ့ခြင်းကြောင့်ဖြစ်သည်။

မေလ ဒုတိယပတ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ၃၁၈၈၀ ခန့် တင်ပို့မှုမှတန်ဖိုးဒေါ်လာ ၁၀ ဒသမ ၇၉၅ သန်းခန့်ရရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ ၁၂ လအတွင်း ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၆၈၇ ဒသမ ၂ သန်း ရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဇန်နဝါရီလတွင် ဒေါ်လာ ၉၆ ဒသမ ၂ သန်း၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၄၅ သန်း၊ မတ်လတွင် ဒေါ်လာ ၄၂ ဒသမ ၄ သန်း ၊ ဧပြီလတွင် ဒေါ်လာ ၄၇ ဒသမ ၅ သန်း၊မေလတွင် ဒေါ်လာ ၇၂ ဒသမ ၈ သန်း၊ဇွန်လတွင် ဒေါ်လာ ၇၄ ဒသမ ၇ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၈ သန်း၊ သြဂုတ်လတွင်ဒေါ်လာ ၁၈ ဒသမ ၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၃၈ ဒသမ ၂ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၅၆ ဒသမ ၂ သန်း၊နိုဝင်ဘာလတွင် ဒေါ်လာ ၇၂ ဒသမ ၂ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၀၅ ဒသမ ၁ သန်းဖြင့် စုစု ပေါင်းဒေါ်လာ ၆၈၇ ဒသမ ၂ သန်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဧပြီလတွင် ပြည်ပသို့ဆန် နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းခုနစ်သောင်း ကျော်တင်ပို့ခဲ့ပြီး အာဖရိကနိုင်ငံများသို့ ဆန် အများဆုံးတင်ပို့ခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဧပြီလတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၄၁ ဒသမ ၂၉၈ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၁၉၂၆၀ ကျော် တင်ပို့ခဲ့သည်။ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၂၆၉၄၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန် ချိန် ၄၉၇၂၀ ခန့်၊ အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၄၂၆၀၀ ခန့် တင်ပို့ခဲ့ကြောင်း သိရသည်။   

 

 

 

Most Read

Most Recent