နိုင်ငံတကာစားသုံးဆီ ရောင်းလိုအားနည်းခြင်းကြောင့် ပြည်တွင်းစျေးနှုန်းအပေါ် သက်ရောက်မှုလျော့ကျစေရေး ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့်စားဆီတို့ကို ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် သတ်မှတ်

နိုင်ငံတကာစားသုံးဆီ ရောင်းလိုအားနည်းခြင်းကြောင့် ပြည်တွင်းစျေးနှုန်းအပေါ် သက်ရောက်မှုလျော့ကျစေရေး ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့်စားဆီတို့ကို ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် သတ်မှတ်
မကွေးတိုင်းဒေသကြီးမှ မြေပဲသိမ်းသည့်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
မကွေးတိုင်းဒေသကြီးမှ မြေပဲသိမ်းသည့်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 26 May 2022

နိုင်ငံတကာစားသုံးဆီ ရောင်းလိုအားနည်းခြင်းကြောင့် ပြည်တွင်းစျေးနှုန်းအပေါ် သက်ရောက်မှုလျော့ကျစေရေးအတွက် ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့်စားဆီတို့ကို ပို့ကုန်လိုင် စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် သတ်မှတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ(၇/၂၀၂၂)ကို ၂၀၂၂ ခုနှစ် မေ ၂၃ ရက် စွွဲဖြင့် ထုတ်ပြန်လိုက်သည်။

ပြည်ပသို့တင်ပို့သည့်ကုန်စည်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်လုံခြုံရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်ရေးအစရှိသည့်ရည်ရွယ်ချက်များဖြင့် ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် 2017 Customs Tariff of Myanmar အရ H.S Code 6 Digit ဖြင့် ကုန်စည် ၇၈၉ လိုင်း၊ H.S Code 10 Digit ဖြင့် ကုန်စည် ၁၂၃၆ လိုင်းကို အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၂၀)နှင့် ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ(၃/၂၀၂၂)တို့ဖြင့် ထုတ်ပြန်သတ် မှတ်ထားသည်။

လက်ရှိတွင် ကုန်သွယ်ဖက်နိုင်ငံနှင့် ချုပ်ဆိုထားသောစာချုပ်များအရ ပြည်ပသို့တင်ပို့ရာတွင် စနစ်တကျတင်ပို့နိုင်ရန်လည်း ကောင်း၊ နိုင်ငံတကာစားသုံးဆီ ရောင်းလိုအားနည်းခြင်းကြောင့် ပြည်တွင်းစျေးနှုန်းအပေါ် သက်ရောက်မှုလျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေးတို့အတွက် ဆီထွက်သီးနှံနှင့် စားဆီတင်ပို့မှုများအား ထိန်းညှိနိုင်ရန်လည်းကောင်း ပူးတွဲပါ 2017 Customs Tariff of Myanmar အရ ပဲမျိုးစုံအကျုံးဝင်သည့် H.S Code 6 Digit ဖြင့် ကုန်စည် ၁၅ လိုင်းသို့မဟုတ်  H.S Code 10 Digit ဖြင့် ကုန်စည် ၅၃ လိုင်း၊ ဆီထွက်သီးနှံအကျုံးဝင်သည့် H.S Code 6 Digit ဖြင့် ကုန်စည် ၁၄ လိုင်း သို့မဟုတ် H.S Code 10 Digit ဖြင့် ကုန်စည် ၁၈ လိုင်းနှင့် စားဆီအကျုံးဝင်သည့် H.S Code 6 Digit ဖြင့် ကုန်စည် ၂၄ လိုင်း သို့မဟုတ် H.S Code 10 Digit ဖြင့် ကုန်စည် ၁၁၀ လိုင်း၊ စုစုပေါင်း H.S Code 10 Digit ဖြင့် ကုန်စည် ၁၈၁ လိုင်းကို ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် သတ်မှတ်လိုက်သည်။

သို့ဖြစ်ရာ အထက်အပိုဒ် ၂ ပါ ပို့ကုန် လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအနက် မည်သည့်ကုန်စည်ကိုမဆို  ပြည်ပသို့ ပင်လယ်ရေကြောင်း၊လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့ရာတွင် ၂၀၂၂ ခုနှစ် သြဂုတ် ၁ ရက်မှစတင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ပို့ကုန် လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထုတ်ပြန်လိုက်သည်။

 

 

Most Read

Most Recent