ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့်ကုမ္ပဏီများအား အရေးယူရန် ဆက်လက်စိစစ်လျက်ရှိ

ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့်ကုမ္ပဏီများအား အရေးယူရန် ဆက်လက်စိစစ်လျက်ရှိ
Published 14 May 2022

နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှရငွေများ အပြည့်အဝရရှိရန်မှာ အဓိကကျသည့်အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းအပိုဒ် ၃၅ တို့တွင် ပို့ကုန်တင်ပို့သူသည် ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှ ခြောက်လအတွင်း (၁၀.၁၁.၂၀၂၁ ရက်မှစ၍ သုံးလအတွင်း) ယင်း၏ဘဏ်စာရင်းသို့  နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်ရန်ဖြစ်ကြောင်း ပြဋ္ဌာန်းသတ်မှတ်ထားသည်။

သို့ဖြစ်ရာ ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေများ ကို ပို့ကုန်တင်ပို့သည့်နေ့မှစ၍ ခြောက်လအတွင်း ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ပြန်လည်ထည့် သွင်းစေရေးအတွက် ဌာနဆိုင်ရာများနှင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင်ရဘဏ်များ နှင့်ပူးပေါင်း၍ အောက်ပါတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

(က) AD လိုင်စင်ရဘဏ်များမှဆက်သွယ်ခေါ်စာရင်းရှင်းလင်းခြင်း(သုံးနှစ်ကြာကာလအတွင်း)၊ (ခ)ကုန်သည်စက်မှုအသင်း ချုပ်မှ ဆက်သွယ်ခေါ်ယူစာရင်းရှင်းလင်းခြင်း (ရက်ပေါင်း ၃၀) ၊(ဂ) သတင်းစာများနှင့်ဗဟိုဘဏ်၏ Website တွင် စာရင်းရှင်းလင်း ရန်ကြေညာခြင်း (ရက်ပေါင်း ၆၀) ၊ (ဃ)စာရင်းရှင်းလင်းမှုမရှိသူများအား စီးပွား/ကူးသန်းက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်(ပသက) ပိတ်သိမ်းခြင်း (ရက်ပေါင်း ၃၀) ၊ (င)ကုန်သွယ်မှုနှင့် ကုန်စည်စီး ဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီမှဦးဆောင်၍ ပို့ကုန်တင်ပို့သူများနှင့် အစည်းအဝေးငါးကြိမ်ပြုလုပ်၍ ရှင်း လင်းဆွေးနွေးခြင်းတို့ ဖြစ်သည်။

ပို့ကုန်တင်ပို့သူများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ ဖြစ်သော “ မည်သူမျှပို့ကုန်ရငွေအားလုံးကို သတ်မှတ် ကာလအတွင်း နိုင်ငံတော်အတွင်းရှိယင်း၏ ဘဏ်စာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့်ထည့် သွင်းရန် ပျက်ကွက်ခြင်းမရှိစေရ” ဟုလည်း ကောင်း၊ အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက အဆိုပါဥပဒေပုဒ်မ-၄၂ က အရ “ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်” ဟုလည်းကောင်း ပြဋ္ဌာန်းချက်များကို လိုက်နာရမည်ဖြစ်သည်။

၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်တို့အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့်ကုမ္ပဏီများ အား အထက်အပိုဒ်(၂)ပါအတိုင်း အကြောင်းကြားခြင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်း၊ အစည်း အဝေးများပြုလုပ်၍ ဆွေးနွေးခြင်းတို့ကို်ပြုလုပ်ပြီးသော်လည်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိဆဲကုမ္ပဏီ ၁၇၇ ခု ကျန်ရှိ သည်။

ယင်းကုမ္ပဏီ ၁၇၇ ခုအနက်မှ ကုမ္ပဏီ  ၁၅၈ ခုအား နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂-က အရ အရေးယူဆောင်ရွက် လျက်ရှိကြောင်းနှင့် ကုမ္ပဏီများနှင့် ပူးတွဲဖော်ပြထားသည့် ကုမ္ပဏီများ၏ ဒါရိုက်တာ အဖွဲ့ဝင်များကို အမည်မည်းစာရင်းထည့်  သွင်းကြောင်း ၊ ထပ်မံ၍ ကျန်ရှိသည့်ကုမ္ပဏီ ၁၉ ခုအား အရေးယူဆောင်ရွက်လျက်ရှိသည်။

ကျန်ရှိနေသေးသည့် ပို့ကုန်ရငွေဝင်ရောက်ရန် ကျန်ကုမ္ပဏီများအားလည်း အရေးယူဆောင်ရွက်ရန် ဆက်လက်စိစစ်လျက် ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

Most Read

Most Recent