၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တစ်လအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ရွှေသတ္တုလုပ်ကွက်များမှ ရွှေသတ္တု ၂၇၅ ဒသမ ၃၅ ထရိုင်အောင်စ ထုတ်လုပ်ထားပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)မှ အများဆုံးဖြစ်

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တစ်လအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ရွှေသတ္တုလုပ်ကွက်များမှ ရွှေသတ္တု ၂၇၅ ဒသမ ၃၅ ထရိုင်အောင်စ ထုတ်လုပ်ထားပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)မှ အများဆုံးဖြစ်
မြန်မာနိုင်ငံအထက်ပိုင်းရှိ ရွှေလုပ်ကွက်တစ်ခုကို တွေ့ရစဉ်
မြန်မာနိုင်ငံအထက်ပိုင်းရှိ ရွှေလုပ်ကွက်တစ်ခုကို တွေ့ရစဉ်
Published 14 May 2022

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တစ်လအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ရွှေသတ္တုလုပ်ကွက်များမှ ရွှေသတ္တု ၂၇၅ ဒသမ ၃၅ ထရိုင်အောင်စ ထုတ်လုပ်ထားပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)မှ အများဆုံးဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ရွှေသတ္တုလုပ်ကွက်များမှ ထုတ်လုပ်မှုအနေဖြင့်  မန္တလေးတိုင်းဒေသကြီးမှ ၈၅ ဒသမ ၉၂  ထရိုင်အောင်စ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ၁၈၉ ဒသမ ၄၃ ထရိုင်အောင်စဖြင့် စုစုပေါင်း ၂၇၅ ဒသမ ၃၅ ထရိုင်အောင်စ ထုတ်လုပ်ထားခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လကုန်အထိ ခြောက်လဘဏ္ဍာနှစ်အတွင်း လအလိုက်ရွှေသတ္တု ထုတ်လုပ် မှုအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ရွှေသတ္တု ၃၆၀ ဒသမ ၃၇ ထရိုင် အောင်စ၊ နိုဝင်ဘာလတွင် ၃၀၃ ဒသမ ၄၂ ထရိုင်အောင်စ ၊ဒီဇင်ဘာလတွင် ၇၀၇ ဒသမ ၄၂ဝထရိုင်အောင်စ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ၁၈၅ ဒသမ ၃၆ ထရိုင်အောင်စ၊ ဖေဖော်ဝါရီလတွင် ၃၁၈ ဒသမ ၀၂ ထရိုင်အောင်စ၊ မတ်လတွင် ၂၆၁ ဒသမ ၉၁ ထရိုင်အောင်စဖြင့် စုစုပေါင်း ၂၁၃၆ ဒသမ ၅၀ ထရိုင်အောင်စ ထုတ်လုပ်ထားသည်။

အဆိုပါကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၁၆ ဒသမ ၉၈ ထရိုင်အောင်စ၊ မန္တလေးတိုင်းဒေသကြီးမှ ၁၂၇၆ ဒသမ ၉၄ ထရိုင်အောင်စ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ၃၁၅ ဒသမ ၅၈ ထရိုင်အောင်စု၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ၄၂၇ ထရိုင် အောင်စဖြင့်  စုစုပေါင်း ၂၁၃၆ ဒသမ ၅၀ ထရိုင်အောင်စ ထုတ်လုပ်ထားသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အကြီးစား၊အလတ်စား၊အသေးစား၊စမ်းသပ်နှင့် စမ်းသပ်ဖြစ်မြောက် သတ္တုလုပ်ကွက်စုစုပေါင်း ၁၁၆၉ ခု ခွင့်ပြုပေးထားပြီး မန္တလေးတိုင်းဒေသကြီးတွင် အများဆုံးဖြစ်သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အကြီးစားလုပ်ကွက်ခွင့်ပြုမိန့် ထုတ်ပေးထားမှုအနေဖြင့် ကချင်ပြည်နယ်တွင် သုံးကွက် ၊ ကယားပြည်နယ်တွင် တစ်ကွက်၊ ကရင်ပြည်နယ်တွင် ငါးကွက်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၄ ကွက်၊ တနင်္သာရီတိုင်းဒေသကြီး တွင် ၁၈ ကွက်၊ နေပြည်တော်၌ သုံးကွက်၊ မကွေးတိုင်းဒေသကြီး၌ သုံးကွက်၊ မန္တလေးတိုင်းဒေသကြီး၌ ၃၉ ကွက်၊ မွန်ပြည်နယ် ၌ ငါးကွက်၊ ရခိုင်ပြည်နယ်၌ တစ်ကွက်၊ ရှမ်း(တောင်)၌ ၁၆ ကွက်၊ ရှမ်း(မြောက်)၌ ၁၉ ကွက်၊ ရှမ်း(အရှေ့)၌ နှစ်ကွက်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် နှစ်ကွက်ဖြင့် စုစုပေါင်း ၁၄၁ ကွက်ဖြစ်သည်။

အလတ်စားလုပ်ကွက်အနေဖြင့် ကချင်ပြည်နယ်တွင် ရှစ်ကွက် ၊ ကယားပြည်နယ်တွင် ငါးကွက်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၉ ကွက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၀ ကွက်၊ ပဲခူးတိုင်းဒေသကြီး၌ တစ်ကွက်၊ မကွေးတိုင်းဒေသကြီး၌ ခြောက်ကွက်၊ မန္တလေးတိုင်းဒေသကြီး၌ ၁၀၇ ကွက်၊ ရှမ်း(တောင်)၌ ၂၄ ကွက်၊ ရှမ်း(မြောက်)၌ ၁၀ ကွက်၊ ရှမ်း(အရှေ့)၌ ၂၇ ကွက်ဖြင့် စုစု ပေါင်း ၂၃၇ ကွက်ဖြစ်သည်။

အသေးစားလုပ်ကွက်အနေဖြင့် ကချင်ပြည်နယ်တွင် ၆၇ ကွက် ၊ ကယားပြည်နယ်တွင် ၁၀ ကွက်၊ ကရင်ပြည်နယ်၌ ၃၄ ကွက်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၁၁ ကွက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၃၅ ကွက်၊ ပဲခူးတိုင်းဒေသကြီး၌ ငါးကွက်၊ မကွေးတိုင်းဒေသကြီး၌ ၃၃ ကွက်၊ မန္တလေးတိုင်းဒေသကြီး၌ ၁၂၉  ကွက်၊ မွန်ပြည်နယ်၌ ကိုးကွက်၊ ရှမ်း(တောင်)၌ ၆၉ကွက်၊ ရှမ်း(မြောက်)၌ ၄၉ ကွက်၊ ရှမ်း(အရှေ့)၌ ၄၀ ကွက်၊ ဧရာဝတီတိုင်းဒေသကြီး၌ တစ်ကွက်ဖြင့် စုစုပေါင်း ၅၉၂ ကွက်ဖြစ်သည်။

စမ်းသပ်လုပ်ကွက်အနေဖြင့် ကချင်ပြည်နယ်တွင် ၂၅ ကွက် ၊ ကရင်ပြည်နယ်တွင် နှစ်ကွက်၊ ချင်းပြည်နယ်တွင် သုံးကွက်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၄ ကွက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၇ ကွက်၊ ပဲခူးတိုင်းဒေသကြီး၌ တစ်ကွက်၊ မကွေးတိုင်း ဒေသကြီး၌ ခုနစ်ကွက်၊ မန္တလေးတိုင်းဒေသကြီး၌ ၂၉ ကွက်၊  မွန်ပြည်နယ်၌တစ်ကွက်၊ ရှမ်း(တောင်)၌ ၁၀ ကွက်၊ ရှမ်း(မြောက်)၌ ခုနစ်ကွက်၊ ရှမ်း(အရှေ့)၌ ငါးကွက်ဖြင့် စုစုပေါင်း ၁၂၁ ကွက်ဖြစ်သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်  သတ္တုလုပ်ကွက်များအနေဖြင့် ကချင်ပြည်နယ်တွင် ၁၀၆ ကွက် ၊ ကယားပြည်နယ်တွင်  ၁၆ ကွက်၊ ကရင်ပြည်နယ်တွင် ၄၂ ကွက်၊ ချင်းပြည်နယ်တွင် လေးကွက်၊စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၁၄ ကွက်၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ၈၄ ကွက်၊ နေပြည်တော်၌ သုံးကွက်၊ ပဲခူးတိုင်းဒေသကြီးတွင် ခုနစ်ကွက်၊မကွေးတိုင်းဒေသကြီး၌ ၅၁ ကွက်၊ မန္တ လေးတိုင်းဒေသကြီး၌ ၃၁၈ ကွက်၊ မွန်ပြည်နယ်၌ ၁၇ ကွက်၊ ရခိုင်ပြည်နယ်၌ တစ်ကွက်၊ ရှမ်း(တောင်)၌ ၁၃၂ ကွက်၊ ရှမ်း(မြောက်)၌ ၉၀ ကွက်၊ ရှမ်း(အရှေ့)၌ ၈၁ ကွက်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် သုံးကွက်ဖြင့် စုစုပေါင်း ၁၁၆၉ ကွက်ဖြစ်သည်။

 

 

 

Most Read

Most Recent