နိုင်ငံတကာခရီးစဉ်များ ပုံမှန်ပျံသန်းနေပြီဖြစ်သည့် MAI လေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်ခရီးစဉ်ကို မေလ ၂၀ ရက်မှစ၍ တစ်ရက်လျှင် သုံးကြိမ်ပျံသန်းမည်

နိုင်ငံတကာခရီးစဉ်များ ပုံမှန်ပျံသန်းနေပြီဖြစ်သည့် MAI လေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်ခရီးစဉ်ကို မေလ ၂၀ ရက်မှစ၍ တစ်ရက်လျှင် သုံးကြိမ်ပျံသန်းမည်
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း၏ လေယာဉ်တစ်စင်းကို တွေ့ရစဉ်
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း၏ လေယာဉ်တစ်စင်းကို တွေ့ရစဉ်
Published 13 May 2022

နိုင်ငံတကာခရီးစဉ်များ ပုံမှန်ပျံသန်းနေပြီဖြစ်သည့် MAI လေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်ခရီးစဉ်အား မေ ၂၀ ရက်မှ စတင်ကာ တစ်ရက်လျှင် သုံးကြိမ်ပျံသန်းမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် MAI လေကြောင်းလိုင်းသည် ဘန်ကောက်၊ ကွာလာလမ်ပူ၊ စင်ကာပူ၊ ဒေလီ၊ ကိုလ်းကတ္တား၊ အင်ချွန်း၊ ကွမ်ကျိုး၊ တိုကျို၊ ဒူဘိုင်းနှင့် ဖနွမ်းပင်စသည့် နိုင်ငံတကာခရီးစဉ် ၁၀ ခုအား ပျံသန်းလျက်ရှိသည်။

Commercial Flight များဆင်းသက်မှု ပြန်လည်စတင်နေပြီဖြစ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း (MAI)က ကွာလာလမ်ပူ၊ ကိုလ်ကတ္တားနှင့် ဒေလီအပါအဝင် နိုင်ငံတကာခရီးစဉ် ၁၀ ခုအား သတ်မှတ်ထားသည့်ရက်များတွင် ပုံမှန်ခရီးစဉ်များ ပြန်လည် ပျံသန်းနေပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ဆင်းသက်မှု ယာယီရပ်ဆိုင်းထားပြီး ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များသာ ပျံသန်း နေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Commercial Flight များအား ပြန်လည်စတင်နေပြီဖြစ်ပြီး နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စင်ကာပူ၊ ဘန်ကောက်နှင့် ကွာလာလမ်ပူခရီးစဉ်များပုံမှန် ပျံသန်းနေပြီဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)က ဧပြီလအတွင်း ဘန်ကောက်၊ စင်ကာပူ၊ ကွမ်ကျိုး၊ ကိုလ်ကတ္တားနှင့် ဒေလီသို့ အထူးခရီးစဉ်များ ပျံသန်းသွားမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ဧပြီလတွင် ထိုင်းနိုင်ငံ ဘန်ကောက်သို့ အပြတ်စဉ် အင်္ဂါ၊ ကြာသပတေး နှင့် စနေနေ့များတွင်လည်းကောင်း၊ စင်ကာပူသို့ အပတ်စဉ် တနင်္လာ၊ စနေနေ့များတွင်လည်းကောင်း၊ ကိုလ်ကတ္တားနှင့် ဒေလီသို့ သတ်မှတ်ထားသည့်ရက်များတွွင် ပျံသန်းခဲ့ကြောင်း သိရသည်။ ဧပြီ  ၁ ရက်မှစတင်ကာ COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသည့် ခရီးသည်များ စင်ကာပူနိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် Entry Approval ပြသရန် နှင့် Quarantine ဝင်ရန်မလိုအပ်တော့ကြောင်း သတင်းရရှိသည်။

လက်ရှိတွင်  ကိုဗစ်-၁၉ ရောဂါအတည် ပြုလူနာတွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းတို့သိသာစွာ ကျဆင်းလာသဖြင့် မြန်မာ နိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့လာရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ယာယီကန့်သတ်သည့်အစီအစဉ်အား ဧပြီ ၁၆ ရက်ထိ သတ်မှတ်ပြီး၊ ကိုဗစ်ရောဂါ ပြည်ဝင်ခွင့်လိုအပ်ချက်များနှင့်အညီ ဧပြီ ၁၇ ရက်မှစတင်ကာ သတ်မှတ်စည်းကမ်းချက်များအတိုင်း ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ကြောင်း သိရသည်။

အရေးပေါ် အစိုးရတာဝန်ဖြင့်ဖြစ်စေ၊ မလွှဲမရှောင်သာသောကိစ္စရပ်များကြောင့် ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန်များ နှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်) အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ် ဆယ်ရေးလေယာဉ်(သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ် ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံရမည် ဖြစ်ကြောင်း သိရသည်။  

 

 

Most Read

Most Recent