နိုင်ငံခြားငွေလဲကောင်တာများတွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၅ ကျပ်ဝန်းကျင်ဖြင့် စျေးသတ်မှတ်သော်လည်း တစ်ဒေါ်လာ ၂၀၂၅ ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူနေ

နိုင်ငံခြားငွေလဲကောင်တာများတွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၅ ကျပ်ဝန်းကျင်ဖြင့် စျေးသတ်မှတ်သော်လည်း တစ်ဒေါ်လာ ၂၀၂၅ ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူနေ
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုအားတွေ့ရစဉ်
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုအားတွေ့ရစဉ်
Published 13 May 2022

၂၀၂၂ခုနှစ်၊ မေ ၁၃ ရက်တွင် ငွေလဲကောင်တာများတွင်  ဗဟိုဘဏ်စျေးနှုန်း သတ်မှတ်ချက်နီးပါးအတိုင်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၈၅၅ ဝန်းကျင်ဖြင့် စျေးဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။               

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၇ ကျပ်ဝန်းကျင်ဖြင့် စျေးစတင် ဖွင့်လှစ်ခဲ့သော်လည်း ငွေလဲကောင်တာအများစုတွင် ဒေါ် လာ ရောင်းချပေးခြင်းမရှိဘဲ တစ်ဒေါ်လာ  ၂၀၂၅ ကျပ် ဝန်းကျင်ဖြင့် ဝယ်ယူခြင်းသာ ရှိကြောင်း ငွေလဲကောင်တာများတွင် ဒေါ်လာ သွားရောက်ရောင်းချသူများထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအထိ လအလိုက် ရောင်းဝယ်မှုပမာဏများ မှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ဒေါ်လာ ၃၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၁ ဒသမ ၅ သန်း၊ မတ်တွင် ဒေါ်လာ ၂၁ သန်း၊ မေတွင် ဒေါ်လာ ၁၆ ဒသမ ၇ သန်း၊ ဇွန်တွင် ၃၉ ဒသမ ၁ သန်း၊ ဇူလိုင်တွင် ဒေါ် လာ ၃၁ ဒသမ ၁ သန်း၊ သြဂုတ်တွင် ဒေါ်လာ ၃၅ ဒသမ ၆ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၄၄ ဒသမ ၂ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ ၄၃ သန်း၊ နိုဝင်ဘာတွင်ဒေါ်လာ တစ်သိန်း၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၇ ဒသမ ၈ သန်း ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ဒေါ်လာ ၂ ဒသမ ၇ သန်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် ဒေါ်လာသုံးသန်း ပြန်လည် ရောင်းချခဲ့သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ ခုနှစ်မတ် ၃၀ ရက်တွင် ဖြစ်ပေါ်သောအခြား နိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများ မှာ ယူရို ၂၁၉၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၄၉၇ ကျပ်၊ မလေးရှားရင်းဂစ် ၄၆၈ ကျပ်၊ ထိုင်းဘတ် ၆၁ ကျပ်၊ တရုတ်ယွမ် ၃၂၀ ကျပ်၊ ဂျပန်ယန်း ၂၀.၄၀ ကျပ်တို့ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက် များချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန် ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင် လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် ( Authorized Dealer-AD)ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေ ဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

 

 

 

 

Most Read

Most Recent