မေလဆန်းက ရွာသွန်းသော မုန်တိုင်းမိုးဖြင့် မကွေးတိုင်းဒေသကြီးအတွင်းမှ တောင်သူများ မိုးဦးသီးနှံစိုက်ပျိုးမှု စတင်

မေလဆန်းက ရွာသွန်းသော မုန်တိုင်းမိုးဖြင့် မကွေးတိုင်းဒေသကြီးအတွင်းမှ တောင်သူများ မိုးဦးသီးနှံစိုက်ပျိုးမှု စတင်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်း မြေပဲစိုက်ပျိုးနေသည့် လုပ်ငန်းခွင်ကို တွေ့ရစဉ်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်း မြေပဲစိုက်ပျိုးနေသည့် လုပ်ငန်းခွင်ကို တွေ့ရစဉ်
Published 10 May 2022

မေလဆန်းပိုင်းက ရွာသွန်းသော မုန်တိုင်းမိုးများဖြင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အများစုမှ တောင်သူများ မိုးဦးသီးနှံစိုက်ပျိုးမှု စတင်လျက်ရှိကြောင်း သိရသည်။

မေ ၇ ရက်မှ မေ ၉ ရက်အထိ မကွေးတိုင်းဒေသကြီးအတွင်း မကွေး၊ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်း၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်စသည့် မြို့နယ်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း၊ ပုံမှန်မိုးဦးကျ မိုးရွာသွန်းရက်များနှင့် နီးကပ်နေပြီး မိုးအားကောင်းလွန်းခဲ့သောကြောင့်  သီးနှံစိုက်ပျိုးခြင်းများ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုလို မိုးမျိုးတွေ မရွာတာကြာခဲ့ပါပြီ။ မိုးဦးကျချိန်မှာ မိုးခေါင်တဲ့နှစ်တွေများခဲ့တော့ ၀ါဆိုလလောက်မှ မြေပဲတွေစိုက်ကြတာက ဓလေ့တစ်ခုလိုတောင် ဖြစ်နေပါပြီ။ အခုနှစ်တော့ မုန်တိုင်းမိုးကလည်း သည်းတယ်။ မုတ်သုန်ဝင်မယ့်ရက်ကလည်း နီးနေပြီဆိုတော့ မိုးဦးသီးနှံကို အများစုက စိုက်ကြတာပါ” ဟု နတ်မောက်မြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အများစုတွင် မိုးဦးသီးနှံအဖြစ် မြေပဲကို အဓိက စိုက်ပျိုးလေ့ရှိပြီး နှမ်း၊ ပဲတီစိမ်းတို့ကိုလည်း စိုက်ပျိုးလေ့ရှိကြောင်း၊ ယခင်နှစ်က မြေပဲသိမ်းရာသီတွင် မြေပဲစျေးနှုန်းများ မြင့်တက်ခဲ့ ကြောင်း သိရသည်။

Most Read

Most Recent