မတ် ၈ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၅ သန်း ထပ်မံရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၇၇၈ ကျပ်ဖြစ်

မတ် ၈ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၅ သန်း ထပ်မံရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၇၇၈ ကျပ်ဖြစ်
Published 8 March 2022

၂၀၂၂ ခုနှစ် မတ် ၈ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင် လေလံဖြင့် ဒေါ်လာ ၁၅ သန်း ထပ်မံရောင်း ချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၇၇၈ ကျပ်ဖြစ်ကြောင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ  ၇ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံ ဖြင့် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၁၂ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၁၃ ရက်တွင်  ဒေါ်လာ ၁၀ သန်း၊ ဇန်နဝါရီ ၁၄ ရက်တွင် ဒေါ်လာ ၁၀ သန်း၊ ဇန်နဝါရီ ၂၀ ရက်တွင် ဒေါ်လာ ၁၅ သန်းဖြင့် ဇန်နဝါရီလအတွင်း ဒေါ်လာ ၆၅ သန်း ရောင်းချခဲ့သည်။ ဖေဖော် ၀ါရီ ၄ ရက်တွင် ဒေါ် လာ ၁၅ သန်း၊ ဖေဖော်ဝါ ရီ ၇ ရက်၌ ဒေါ် လာ ၁၅ သန်း ရောင်းချခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာရောင်းချမှုအ နေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒေါ်လာ ၆ ဒသမ ၈ သန်းရောင်းချခဲ့ပြီး မတ် လအတွင်း ရောင်းချမှုမရှိခဲ့ပေ။ ဧပြီလအတွင်း ဒေါ်လာ ၁၂ သန်း၊ မေလအတွင်း ဒေါ်လာ ၂၄ သန်း၊ ဇွန်လအတွင်း ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်လအတွင်း ဒေါ်လာ ၃၉ သန်း၊ သြဂုတ် လအတွင်း ၂၈ သန်း၊ စက်တင်ဘာတွင် ဒေါ် လာ ၆၃ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ  သန်း ၁၁၀၊ နိုဝင်ဘာတွင် ဒေါ်လာ ၃၁ သန်း နှင့် ဒီဇင်ဘာတွင် ဒေါ်လာ ၁၁၈ သန်းဖြင့် ၂၀၂၁ ခုနှစ်အတွင်း ဒေါ်လာ ၄၄၃ ဒသမ ၈ သန်း ရောင်းချခဲ့သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်း စေရန်နှင့် နိုင်ငံခြားသုံး သီးသန့်အရန်ငွေဖြည့် တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင် လေလံ ဖွင့်လှစ်ဆောင်ရွက်နေသည်။

ဗဟိုဘဏ် စျေးပြိုင်လေလံအတွက် စည်း မျဉ်း၊ ညွှန်ကြားချက်များချမှတ်ထားပြီး အဆို ပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင် ငံခြားငွေ စျေးပြိုင်လေလံတွင်ပါဝင်သည့် နိုင် ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိက ဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ်ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်း ခြင်းတို့ကို ဆောင်ရွက်နေသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နိုင်ငံခြား သုံးငွေ လုပ်ငန်းဆောင်ရွက်ချက်များမှာ  ကာ လတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အ တက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်း နှင့် ယခင်ရက် ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန် မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်း သည် ချမှတ်ထားသည့်စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြား ငွေ (အမေရိကန်ဒေါ်လာ) ရောင်းချရန် စျေး ပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန် မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်း သည် ချမှတ်ထားသည့်စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြား ငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင် လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော် ၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်း ရန် အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ် နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှ မြန်မာကျပ်ငွေနှင့် အမေ ရိကန်တစ်ဒေါ် လာလဲလှယ်နှုန်းနှင့် နှိုင်းယှဉ် ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ် ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချ မှတ်ထားသည့်စည်းမျဉ်းများအရ သတ်မှတ် ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (ဒေါ် လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို  ဖွင့်လှစ် ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟို ဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲ လှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD  ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေ ဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv ယခင် Thomson Reuters ၏ လေလံအရောင်း အဝယ်စနစ်ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချ ခြင်းဖြစ်သည်။ ကာလတို အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေ ရန်ဖြစ်သည်။

Most Read

Most Recent