မြောက်ကိုရီးယားက ပဲ့ထိန်း ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားက ပဲ့ထိန်း ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်
ဖေဖော်ဝါရီ ၂၇ ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မီးရထားဘူတာရုံ၏ ရုပ်မြင်သံကြားတွင် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှု သတင်းကို လူများက ကြည့်ရှုနေစဉ်
ဖေဖော်ဝါရီ ၂၇ ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မီးရထားဘူတာရုံ၏ ရုပ်မြင်သံကြားတွင် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှု သတင်းကို လူများက ကြည့်ရှုနေစဉ်
Published 27 February 2022
Ref: AFP

ယူကရိန်းပဋိပက္ခကို နိုင်ငံတကာ အသိုင်းအဝိုင်းက အာရုံစိုက်နေချိန်တွင် မြောက်ကိုရီးယားသည် ပေကျင်းအိုလံပစ်ပြိုင်ပွဲ ကာလအတွင်း တစ်လကြာ ဆိုင်းငံ့ခဲ့သည့် လက်နက်စမ်းသပ်မှုကို ပြန်လည်စတင်သည့် အနေဖြင့် ဖေဖော်ဝါရီ ၂၇ ရက်က ပဲ့ထိန်းဒုံး ကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံက ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ်က မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအွန်နှင့် အမေရိကန် သမ္မတ ဟောင်း ဒေါ်နယ်ထရန့်တို့၏ ထိပ်သီးအဆင့် ဆွေးနွေးညှိနှိုင်းမှုများမှာ မအောင်မြင်ခဲ့သည့် အချိန်ကတည်းက အင်အားအပြင်းဆုံးဒုံး ကျည်စမ်းသပ်မှု အပါအဝင် ဖေဖော်ဝါရီ ၂၇ ရက်က ဒုံးကျည်စမ်းသပ်မှုသည် မြောက်ကို ရီးယားအတွက် ယခုနှစ်အတွင်း အဌမအကြိမ် မြောက် စမ်းသပ်မှုဖြစ်ခဲ့သည်။

၂၀၀၇ ခုနှစ်ကတည်းက သံတမန်ရေးရာ ဆွေးနွေးညှိနှိုင်းမှုများအဆုံးသတ်သွားခဲ့ပြီး  နိုင်ငံတကာ၏ ပိတ်ဆို့မှုများခံခဲ့ရသည့်တိုင် မြောက်ကိုရီးယားသည် ၎င်းင်း၏စစ်အင်အား ကို တိုးမြှင့်ခဲ့ကာ ကာလကြာရှည်ရပ်နားထား သည့် နျူကလီးယားနှင့် တာဝေးပစ်ဒုံးကျည် စမ်းသပ်မှုများကို ပြန်လည်လုပ်ဆောင်သွား မည်ဟု ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

ယူကရိန်းကို ရုရှား၏ ကျူးကျော်မှုအ ပေါ် အာရုံစိုက်နေသည့် အမေရိကန်ကို အာရုံပျက်စေရန် မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်မှုအသစ်များလုပ်ဆောင်ခြင်းဖြစ် နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြား ခဲ့သည်။

တောင်ကိုရီးယားစစ်တပ်၏ပြောကြားချက်အရ ဒေသစံတော်ချိန် မနက် ၇ နာရီ ၅၂ မိနစ်တွင် ဂျပန်ပင်လယ်အတွင်းသို့ မြောက်ကိုရီးယားမှ ပစ်လွှတ်လိုက်သည့် ပဲ့ ထိန်းဒုံးကျည်တစ်စင်းကို ထောက်လှမ်းသိရှိ ခဲ့သည်ဟု ဆိုသည်။

“အခုနောက်ဆုံးပစ်လွှတ်လိုက်တဲ့ ပဲ့ ထိန်းဒုံးကျည်ဟာ အမြင့် ၆၂၀ ကီလိုမီတာ ကနေ ၃၀၀ ကီလိုမီတာအကွာအဝေးအထိ ရောက်ရှိခဲ့ပါတယ်” ဟု တောင်ကိုရီးယားစစ် တပ်က ထုတ်ပြန်ခဲ့ပြီး ဂျပန်နိုင်ငံကလည်း ယင်းဒုံးကျည်ပစ်လွှတ်မှုကို အတည်ပြုခဲ့ သည်။

တောင်ကိုရီးယားသမ္မတ အိမ်ပြာတော် က ကမ္ဘာ့နိုင်ငံများသည် ယူကရိန်းစစ်ပွဲကို ဖြေရှင်းရန် ကြိုးပမ်းနေချိန်တွင် မြောက်ကိုရီး ယား၏ ဒုံးကျည်စမ်းသပ်မှုကို အလွန်စိုးရိမ် ကြောင်းနှင့် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ေတောင်ကိုရီးယားသည် ရုရှား ကို စီးပွားရေးအရ ပိတ်ဆို့မှုများပြုလုပ်ရာ တွင် နိုင်ငံတကာနှင့် ပူးပေါင်းသွားမည်ဖြစ်ပြီး  အမေရိကန်၏လုံခြုံရေးမဟာမိတ်ဖြစ်သည် နှင့်အညီ ရုရှား၏ရန်လိုမှုအပေါ် အမေရိကန် ၏တုံ့ပြန်မှုကို အနီးကပ်စောင့်ကြည့်နေသည် ဟု ပြောကြားခဲ့သည်။

အခြားတစ်ဖက်တွင်လည်း မြောက်ကိုရီးယားသည် ယူကရိန်းပဋိပက္ခကြောင့် အမေရိကန်က ဥရောပရှိ ၎င်း၏အကျိုးစီးပွားများ ကို အာရုံစိုက်နေချိန်နှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီသည်လည်း အခက်တွေ့နေသည့် အနေအထားတွင် မြောက်ကိုရီးယားသည် အခွင့်ကောင်းယူပြီး လက်နက်စမ်းသပ်မှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု အမျိုးသား မဟာဗျူ ဟာဆိုင်ရာ ကိုရီးယား သုတေသနအဖွဲ့မှ သု တေသီ ရှင်ဘွမ်ချူက အေအက်ဖ်ပီသတင်းဌာ နကို ပြောကြားခဲ့သည်။

“မြောက်ကိုရီးယားဟာ ယူကရိန်းအရေး ကို အခွင့်ကောင်းယူပြီး နျူကလီးယားလက် နက်နဲ့ ဒုံးကျည်စီမံကိန်းကို ဆက်လက်လုပ် ဆောင်ဖွယ်ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။                                          

 

Most Read

Most Recent