သမ္မတပူတင်သည် သွေးမြေကျစေမည့် လမ်းကြောင်းကို ရွေးချယ်ခဲ့ဟု ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ရှုတ်ချ

သမ္မတပူတင်သည် သွေးမြေကျစေမည့် လမ်းကြောင်းကို ရွေးချယ်ခဲ့ဟု ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ရှုတ်ချ
Published 24 February 2022

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကြောင်းမဲ့ ကျူးကျော်တိုက်ခိုက်မှုကို လုပ်ဆောင်ကာ သွေးမြေကျပြီး ပျက်စီးခြင်းကို ဦးတည်စေမည့် လမ်းကြောင်းကို ရွေးချယ်ခဲ့သည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြစ်တင်ရှုတ်ချ ခဲ့သည်။

ဗြိတိန်နှင့် မဟာမိတ်များအနေဖြင့် ရုရှား၏ ယူကရိန်းကို ကျူးကျော်မှုအား ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဖြစ်ကာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီနှင့် ဆွေးနွေးခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

ဝန်ကြီးချုပ် ဂျွန်ဆင်အနေဖြင့် ရုရှား၏ ကျူး ကျော်စစ် ဆင်နွှဲမှုနှင့်ပတ်သက်၍ ဖေဖော်ဝါ ရီ ၂၄ ရက်တွင် ပြုလုပ်မည့် အရေးပေါ် အ စည်းအဝေးကိုလည်း ဦးဆောင်ကျင်းပသွား မည်ဟု ဗြိတိန်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့ သည်။

ဝန်ကြီးချုပ်အနေဖြင့် ယနေ့မနက်ပိုင်း တွင် ယူကရိန်းအား ရုရှားက ကျူးကျော်တိုက် ခိုက်ခဲ့မှုကို တုံ့ပြန်ရေးအတွက် ဆွေးနွေးမည့် အစိုးရအဖွဲ့ အစည်းအဝေးကို သဘာဝပတိ အဖြစ် တာဝန်ယူသွားမည်ဖြစ်ကြောင်း  ၎င်း၏ပြောခွင့်ရက ဆိုသည်။

အစောပိုင်းတွင် ယူကရိန်းသမ္မတနှင့် ဖုန်းပြောဆိုမှုအတွင်း အနောက်နိုင်ငံများ အနေဖြင့် ယူကရိန်း ပြည် သူများအား ရုရှားက ကျူးကျော်စစ် ဆင်နွှဲနေ မှုကို လက်ပိုက်ကြည့် နေမည်မဟုတ်ကြောင်း ဝန်ကြီးချုပ် ဂျွန်ဆင်က ပြောကြားခဲ့သည်ဟု သိရသည်။                    Ref: AFP

Most Read

Most Recent