ပုလဲမြို့မရဲစခန်းတိုက်ခိုက်ခံရပြီး ယင်းမာပင်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး၏ နေအိမ်မီးရှို့ခံရကာ အခြားနေအိမ်ကိုးလုံး မီးကူးစက်လောင်ခဲ့ကြောင်း နစက ထုတ်ပြန်

ပုလဲမြို့မရဲစခန်းတိုက်ခိုက်ခံရပြီး ယင်းမာပင်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး၏ နေအိမ်မီးရှို့ခံရကာ အခြားနေအိမ်ကိုးလုံး မီးကူးစက်လောင်ခဲ့ကြောင်း နစက ထုတ်ပြန်
Published 7 February 2022

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့ရှိ ပုလဲမြို့မရဲစခန်း ဖေဖော်ဝါရီ ၅ ရက်ညပိုင်းက တိုက်ခိုက်ခံရပြီး ယင်းမာပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး၏ နေအိမ်မီးရှို့ခံရကာ အခြားနေအိမ်ကိုးလုံး မီးကူးစက်လောင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်သည်။

ပုလဲမြို့မရဲစခန်းအား PDF များက ဖေဖော်ဝါရီ ၅ ရက် ည ၈ နာရီခွဲခန့်တွင် ရဲစခန်း၏ အရှေ့ဘက် လယ်ကွင်းများအတွင်းမှနေ၍ လက်လုပ်စိန်ပြောင်း၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ည ၁၀ နာရီခွဲခန့်တွင် PDF များသည် ရဲစခန်း၏အနောက်ဘက်မြကုန်းကျေးရွာဘက်သို့ ဆုတ်ခွာသွားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ဆုတ်ခွာစဉ် PDF များက ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ပုလဲမြို့၊ တောင်ပိုင်းရပ်ကွက်ရှိ ယင်းမာပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးမြလေး၏နေအိမ်အား မီးရှို့ခဲ့သဖြင့် ဦးမြလေးနေအိမ်နှင့် ပတ်ဝန်းကျင်နေအိမ်များ မီးကူးစက်လောင်ကျွမ်းခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ မီးသတ်ယာဉ်နှစ်စီးဖြင့် သွားရောက်မီးငြိှမ်းသတ်ခဲ့ရာ ည ၁၁ နာ ရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့်  ဦးမြလေး နေအိမ်အပါအဝင် နေအိမ် ၁၀ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

Most Read

Most Recent