လာပေါ်တာမှာ ဝှက်ဖဲ ရှိနေသလား

လာပေါ်တာမှာ ဝှက်ဖဲ ရှိနေသလား
Photos: Getty Images
Photos: Getty Images
Published 12 January 2022
Wai Yan Aung

ဖယ်ရန်တောရက်စ်ကို ဘာစီလိုနာအသင်း ခေါ်ယူလိုက်တာက ဘောလုံးပရိသတ်အတော်များများကို အံ့အားသင့်စေခဲ့ပါတယ်။ အကြွေးနွံထဲနစ် ပြီး ငွေကြေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်း ဘယ်လိုကြောင့် ခေါ်ယူနိုင်တာလဲလို့လည်း မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဖယ်ရန်တောရက်စ်ရဲ့ မိတ်ဆက်ပွဲအခမ်းအနားမှာ ဘာစီလိုနာ ဥက္ကဋ္ဌလာပေါ်တာက "အားလုံးအသင့်ပြင်ထားကြ၊ အကြီးစားအပြောင်းအရွှေ့တွေနဲ့အတူ ဘာစီလိုနာအသင်း ပြန်လာမယ်"လို့ ကြုံးဝါးလိုက်တော့ ပိုပြီး အံ့အားသင့်စရာကောင်းသွားခဲ့ပါတယ်။ လာပေါ်တာမှာ ဝှက်ဖဲ ရှိနေတာလား။ ဘယ်လိုဝှက်ဖဲတွေ ရှိနေလို့ အခုလို ပြောကြားခဲ့တာလဲ။ "ဘာစီလိုနာအသင်းက အကြွေးယူရိုသန်း(၃၀၀)ရှိနေပြီး ဖယ်ရန်တောရက်စ်ကို ခေါ်ယူခဲ့တယ်။ အခု ဟော်လန်းအကြောင်း ပြောနေပြန်ပြီ။ ဘဏ္ဍာရေးစည်းမျဉ်းက ဘယ်မှာလဲ"လို့ ဗလင်စီယာနည်းပြ ဘော်ဒါလက်စ်က ဝေဖန်ခဲ့ပါတယ်။ ဒါကိုတော့ ဘာစီလိုနာပရိသတ်တွေက ဘော်ဒါလက်စ်အနေနဲ့ တခြားအသင်းရဲ့ ငွေကြေးအခြေအနေထက် ကိုယ့်အသင်းရဲ့ရလဒ်ကိုသာ အာရုံစိုက်သင့်တယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းရဲ့ လှုပ်ရှားမှုနဲ့ လာပေါ်တာရဲ့ပြောစကားတွေက မေးခွန်းထုတ်ချင်စရာကောင်းနေတာတော့ အမှန်ပါပဲ။

 

Most Read

Most Recent