၂၀၂၁ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလအထိ သုံးလအတွင်း ခဲမဖြူနှင့် အဖြိုက်နက် ဖက်စပ်လုပ်ကွက်များမှသတ္တုတန်ချိန် ၁၅၈ တန်ကျော် ထုတ်လုပ်ထားပြီး တနင်္သာရီတိုင်းဒေသကြီးမှ ၁၅၁ တန်ကျော်ဖြင့် အများဆုံးထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် သတ္တုတန်ချိန် ၈၄ ဒသမ ၈၆၂ တန်၊ နိုဝင်ဘာလတွင် ၃၇ ဒသမ ၀၃၂ တန်၊ ဒီဇင်ဘာလတွင် ၃၆ ဒသမ ၃၃၀ တန်ဖြင့် စုစုပေါင်း ၁၅၈ ဒသမ ၂၂၄တန်ထုတ်လုပ်ထားသည်။
အဆိုပါသုံးလအတွင်း ကယားပြည်နယ်မှ ၇ ဒသမ ၁၁၂ တန်၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁၅၁ ဒသမ ၁၁၂ တန်ထုတ်လုပ်ထားကြောင်း သိရသည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အကြီးစား၊ အလတ်စား၊ အသေးစား၊ စမ်းသပ်နှင့် စမ်းသပ်ဖြစ်မြောက် သတ္တုလုပ်ကွက် စုစုပေါင်း ၁၁၆၉ ခုခွင့်ပြုပေးထားပြီး မန္တလေးတိုင်းဒေသကြီးတွင် အများဆုံးဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အကြီးစားလုပ်ကွက်ခွင့်ပြုမိန့်ထုတ်ပေးထားမှုအနေဖြင့် ကချင်ပြည်နယ်တွင် သုံးကွက် ၊ ကယားပြည်နယ်တွင် တစ်ကွက်၊ ကရင်ပြည်နယ်တွင် ငါးကွက်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၄ ကွက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၈ ကွက်၊ နေပြည်တော်၌ သုံးကွက်၊ မကွေးတိုင်းဒေသကြီး၌ သုံးကွက်၊ မန္တလေးတိုင်းဒေသကြီး၌ ၃၉ ကွက်၊ မွန်ပြည်နယ်၌ ငါးကွက်၊ ရခိုင်ပြည်နယ်၌ တစ်ကွက်၊ ရှမ်း(တောင်)၌ ၁၆ ကွက်၊ ရှမ်း(မြောက်)၌ ၁၉ ကွက်၊ ရှမ်း(အရှေ့)၌ နှစ်ကွက်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် နှစ်ကွက်ဖြင့် စုစုပေါင်း ၁၄၁ ကွက်ဖြစ်သည်။
အလတ်စားလုပ်ကွက်အနေဖြင့် ကချင်ပြည်နယ်တွင် ရှစ်ကွက်၊ ကယားပြည်နယ်တွင် ငါးကွက်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၉ ကွက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၀ ကွက်၊ ပဲခူးတိုင်းဒေသကြီး၌ တစ်ကွက်၊ မကွေးတိုင်းဒေသကြီး၌ ခြောက်ကွက်၊ မန္တလေးတိုင်းဒေသကြီး၌ ၁၀၇ ကွက်၊ ရှမ်း(တောင်)၌ ၂၄ ကွက်၊ ရှမ်း(မြောက်)၌ ၁၀ ကွက်၊ ရှမ်း(အရှေ့)၌ ၂၇ ကွက်ဖြင့် စုစုပေါင်း ၂၃၇ ကွက်ဖြစ်သည်။
အသေးစားလုပ်ကွက်အနေဖြင့် ကချင်ပြည်နယ်တွင် ၆၇ ကွက်၊ ကယားပြည်နယ်တွင် ၁၀ ကွက်၊ ကရင်ပြည်နယ်၌ ၃၄ ကွက်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၁၁ ကွက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၃၅ ကွက်၊ ပဲခူးတိုင်းဒေသကြီး၌ ငါးကွက်၊ မကွေးတိုင်းဒေသကြီး၌ ၃၃ကွက်၊ မန္တလေးတိုင်းဒေသကြီး၌ ၁၂၉ ကွက်၊ မွန်ပြည်နယ်၌ ကိုးကွက်၊ ရှမ်း (တောင်) ၌ ၆၉ ကွက်၊ ရှမ်း (မြောက်)၌ ၄၉ ကွက်၊ ရှမ်း (အရှေ့) ၌ ၄၀ ၊ ဧရာဝတီတိုင်းဒေသကြီး ၌ တစ်ကွက်ဖြင့် စုစုပေါင်း ၅၉၂ ကွက်ဖြစ်သည်။
စမ်းသပ်လုပ်ကွက်အနေဖြင့် ကချင်ပြည်နယ်တွင် ၂၅ကွက် ၊ ကရင်ပြည်နယ်တွင် နှစ်ကွက်၊ ချင်းပြည်နယ်တွင် သုံးကွက်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၄ ကွက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၇ ကွက်၊ ပဲခူးတိုင်းဒေသကြီး၌ တစ်ကွက်၊ မကွေးတိုင်းဒေသကြီး၌ ခုနစ်ကွက်၊ မန္တလေးတိုင်းဒေသကြီး၌ ၂၉ ကွက်၊ မွန်ပြည်နယ်၌တစ်ကွက်၊ ရှမ်း(တောင်) ၌ ၁၀ ကွက်၊ ရှမ်း(မြောက်) ၌ ခုနစ်ကွက်၊ ရှမ်း(အရှေ့)၌ ငါးကွက်ဖြင့် စုစုပေါင်း ၁၂၁ ကွက်ဖြစ်သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် သတ္တုလုပ်ကွက်များအနေဖြင့် ကချင်ပြည်နယ်တွင် ၁၀၆ ကွက် ၊ ကယားပြည်နယ်တွင် ၁၆ကွက်၊ ကရင်ပြည်နယ်တွင် ၄၂ ကွက်၊ ချင်းပြည်နယ်တွင် လေးကွက်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၁၄ ကွက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၈၄ ကွက်၊ နေပြည်တော်၌ သုံးကွက်၊ ပဲခူးတိုင်းဒေသကြီးတွင် ခုနစ်ကွက်၊ မကွေးတိုင်းဒေသကြီး၌ ၅၁ ကွက်၊ မန္တလေးတိုင်းဒေသကြီး၌ ၃၁၈ ကွက်၊ မွန်ပြည်နယ်၌ ၁၇ ကွက်၊ ရခိုင်ပြည်နယ်၌ တစ်ကွက်၊ ရှမ်း (တောင်) ၌ ၁၃၂ ကွက်၊ ရှမ်း(မြောက်)၌ ၉၀ ကွက်၊ ရှမ်း(အရှေ့)၌ ၈၁ကွက်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် သုံးကွက်ဖြင့် စုစုပေါင်း ၁၁၆၉ ကွက်ဖြစ်သည်။










