ရန်ကုန်ဆိပ်ကမ်းများနှင့် ချင်းရွှေဟော်နယ်စပ်မှ ဇန်နဝါရီ ၁၀ ရက်က COVID-19 ကုသရေးဆိုင်ရာပစ္စည်းများ တင်သွင်းရာတွင် ဆေးဝါးမျိုးစုံ ၄၂ မျိုး ၁၄၉၄၆၁ ဒသမ ၉၈ ကီလိုဂရမ်ပါဝင်

ရန်ကုန်ဆိပ်ကမ်းများနှင့် ချင်းရွှေဟော်နယ်စပ်မှ ဇန်နဝါရီ ၁၀ ရက်က COVID-19 ကုသရေးဆိုင်ရာပစ္စည်းများ တင်သွင်းရာတွင် ဆေးဝါးမျိုးစုံ ၄၂ မျိုး ၁၄၉၄၆၁ ဒသမ ၉၈ ကီလိုဂရမ်ပါဝင်
Published 11 January 2022

ရန်ကုန်လေဆိပ်နှင့် ဆိပ်ကမ်းများမှ ဇန်နဝါရီ ၁၀ ရက်က COVID-19 ရောဂါ ကာကွယ်ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခဲ့ရာတွင် ဆေးဝါးမျိုးစုံ ၄၂ မျိုး ၁၄၉၄၆၁ ဒသမ ၉၈ ကီလိုဂရမ် ပါဝင်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

အကောက်ခွန် ဦးစီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးပစ္စည်းများကို ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၀ ရက်က ရန်ကုန်ဆိပ်ကမ်းများမှ Disposable Syringe ၁၃၅၈၀ ခု၊ ဆေးဝါးမျိုးစုံ ၄၂ မျိုး ၁၄၉၄၆၁ ဒသမ ၉၈ ကီလိုဂရမ်၊  ချင်းရွှေဟော်နယ်စပ်မှ ကုမ္ပဏီနှစ်ခုမှ Pai Tetra Capsule ၉၆၀၀ ခု၊ Disposable Syringe ၄၀၄၆ ခုတို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် လိုင်စင်လျှောက်ထားရန်လိုအပ်သော COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ပစ္စည်းများနှင့် Liquid Oxygen တင်သွင်းမှုကို လိုင်စင်လျှောက်ထားရန် မလိုဘဲ ခွင့်ပြုထားပြီးဖြစ်သည်။

Oxygen Concentrator များ တင်သွင်းမှုကိုလည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့် သွင်းကုန်လိုင်စင်လျှောက်ထားရန်မလိုဘဲ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကင်းလွတ်ခွင့်ဖြင့် လျင်မြန်စွာတင်သွင်းခွင့် ပြုပေးလျက်ရှိသည်။

COVID-19 ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါး၊ ဆေးပစ္စည်း ကိရိယာများနှင့် Liquid Oxygen တို့အား ဇူလိုင် ၁၂ ရက်မှစ၍ သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ သုံးလ တင်သွင်းခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လတ်တလော COVID-19 ရောဂါ ကုသမှုလုပ်ငန်းစဉ်များကို အထောက်အကူပြုနိုင်စေရန်အတွက် COVID-19 ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများအနက် သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းအားလုံးနှင့် Liquid Oxygen တို့ကို ၂၀၂၁ ခုနှစ် ဇူလိုင် ၁၂ ရက်မှ စတင်၍ သွင်းကုန်လိုင်စင်လျှောက်ထားရယူရန် မလိုအပ်ဘဲ သုံးလ ယာယီဖြေလျှော့၍ တင်သွင်းခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Most Read

Most Recent