၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၃၄ ဒသမ ၅၅၅ သန်း ဝင်ရောက်ခဲ့ရာတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ဒေါ်လာ ၇၅ သန်းကျော်ဖြင့် အများဆုံးဖြစ်

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၃၄ ဒသမ ၅၅၅ သန်း ဝင်ရောက်ခဲ့ရာတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ဒေါ်လာ ၇၅ သန်းကျော်ဖြင့် အများဆုံးဖြစ်
နိုင်ငံတကာမှလုပ်ငန်းရှင်များ ဝင်ရောက်မြှုပ်နှံထားသည့် သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
နိုင်ငံတကာမှလုပ်ငန်းရှင်များ ဝင်ရောက်မြှုပ်နှံထားသည့် သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 9 January 2022

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၃၄ ဒသမ ၅၅၅ သန်း ဝင်ရောက်ခဲ့ရာတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ဒေါ်လာ ၇၅ သန်းကျော်ဖြင့် အများဆုံး ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လယ်ယာကဏ္ဍတွင် ဒေါ်လာ ၅ ဒသမ ၀၄၃ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွင် ဒေါ်လာ ၄ ဒသမ ၃၅၀ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၇၅ ဒသမ ၆၂၅ သန်း၊ စွမ်း အင်ကဏ္ဍတွင် ဒေါ်လာ ၃ ဒသမ ၂၀၈ သန်း၊ ဆောက်လုပ်ရေးကဏ္ဍ၌ ဒေါ်လာ ၆၅ သန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၄၅ ဒသမ ၆ သန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ သန်း ၃၀ နှင့် အခြားကဏ္ဍတွင် ဒေါ်လာ ၅ ဒသမ ၇၂၉ သန်းဖြစ်သည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉၂ ဒသမ ၈ ဘီလျံကျော် ဝင်ရောက်ခဲ့ရာတွင် စင်ကာပူနိုင်ငံက ဒေါ်လာ ၂၄ ဒသမ ၄ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉၂ ဒသမ ၈ ဘီလျံ ဝင်ရောက်မှုတွင် နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံထားမှုအနေဖြင့် စင်ကာပူနိုင်ငံက ဒေါ်လာ ၂၄၄၆၁ ဒသမ ၈၁၀ သန်း ( ၂၄ ဒသမ ၄ ဘီလျံကျော်)၊ တရုတ်နိုင်ငံက ဒေါ်လာ ၂၁၆၅၅ ဒသမ ၁၆၃ သန်း (၂၁ ဒသမ ၆ ဘီလျံ ကျော်)၊ ထိုင်းနိုင်ငံက ဒေါ်လာ ၁၁၅၁၂ ဒသမ  ၅၂၃ သန်း (၁၁ ဒသမ ၅၁၂ ဘီလျံ)၊ ဟောင်ကောင် က ဒေါ်လာ ၉၇၈၃ ဒသမ ၁၅၉ သန်း (၉ ဒသမ ၇၈၃ ဘီလျံ)၊ UK က ဒေါ်လာ ၇၄၇၁ ဒသမ ၀၂၉ သန်း (၇ ဒသမ ၄၇၁ ဘီလျံ) ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားကြသည်။

တောင်ကိုရီးယားက ဒေါ်လာ ၄၁၂၀ ဒသမ ၇၃၂ သန်း၊ ဗီယက်နမ်က ဒေါ်လာ၂၂၂၄ ဒသမ ၂၂၆ သန်း၊ မလေးရှားက ဒေါ်လာ ၁၉၇၀ ဒသမ ၂၀၁ သန်း၊ ဂျပန်က ဒေါ်လာ ၁၈၅၀ ဒသမ ၃၉၀ သန်း၊ နယ်သာလန်က ဒေါ်လာ ၁၅၇၂ ဒသမ ၁၂၁ သန်း၊ အိန္ဒိယက ဒေါ်လာ ၇၇၃ ဒသမ ၀၃၈ သန်း၊ USA က ဒေါ်လာ ၅၇၄ ဒသမ ၇၁၆ သန်း၊ ပြင်သစ်က ဒေါ်လာ ၅၅၅ ဒသမ ၈၆၀ သန်း၊ အင်ဒိုနီးရှားက ဒေါ်လာ ၂၈၃ ဒသမ ၀၅၇ သန်း၊ ကနေဒါက ဒေါ်လာ ၂၀၃ ဒသမ ၅၉၄ သန်း၊ တိုင်ပေက ဒေါ်လာ ၁၉၈ ဒသမ ၃၂၃ သန်း စသည်ဖြင့် စုစုပေါင်း ၅၂ နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံထားသည်။

လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်း၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားရှစ်မျိုးကို ဦးစားပေးဆောင်ရွက်မည်ဖြစ်သဖြင့်  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန်အတွက် အောက်ပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများကို အဆိုပြုလွှာ တင်ပြလာပါက ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုလွှာများ တင်ပြကြရန် ဖိတ်ခေါ်ထားသည်။

ယင်းလုပ်ငန်းများမှာ (က) ဓာတ်မြေသြဇာထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (ခ) ဘိလပ်မြေထုတ်လုပ်ခြင်း လုပ်ငန်းများ၊ (ဂ) သံမဏိ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (ဃ)စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေး လုပ်ငန်း၊ အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်သည့်လုပ်ငန်းများ၊ (င) တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (စ) လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့် လုပ်ငန်းများ၊ (ဆ) ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းများ၊ (ဇ) အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တို့ဖြစ်သည်။

အထက်ပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍများတွင် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပြုလွှာတင်ပြလာပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ကလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်သွားမည်ဟု သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍ၌ ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍ၌ ဒေါ်လာ ၁၃၃ သန်းကျော်ဖြင့် တတိယအများဆုံး ဖြစ်သည်။

Most Read

Most Recent