၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉၂ ဒသမ ၈ ဘီလျံကျော် ဝင်ရောက်ရာတွင် စင်ကာပူနိုင်ငံက ဒေါ်လာ ၂၄ ဒသမ ၄ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်

၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉၂ ဒသမ ၈ ဘီလျံကျော် ဝင်ရောက်ရာတွင် စင်ကာပူနိုင်ငံက ဒေါ်လာ ၂၄ ဒသမ ၄ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လုပ်ကိုင်နေသည့် သီလဝါအထူးစီးပွားရေးဇုန်ကိုတွေ့ရစဉ်(ဓာတ်ပုံ-သီဟအောင်)
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လုပ်ကိုင်နေသည့် သီလဝါအထူးစီးပွားရေးဇုန်ကိုတွေ့ရစဉ်(ဓာတ်ပုံ-သီဟအောင်)
Published 6 January 2022

၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉၂ ဒသမ ၈ ဘီလျံကျော် ဝင်ရောက်ခဲ့ရာတွင် စင်ကာပူနိုင်ငံက ဒေါ်လာ ၂၄ ဒသမ ၄ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉၂ ဒသမ ၈ ဘီလျံ ဝင်ရောက်ခဲ့မှုတွင် နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံထားမှုအနေဖြင့် စင်ကာပူနိုင်ငံက ဒေါ်လာ ၂၄၄၆၁ ဒသမ ၈၁၀ သန်း( ၂၄ ဒသမ ၄ ဘီလျံကျော်)၊ တရုတ်နိုင်ငံက ဒေါ်လာ ၂၁၆၅၅ ဒသမ ၁၆၃ သန်း(၂၁ ဒသမ ၆ ဘီလျံကျော်)၊ ထိုင်းနိုင်ငံကဒေါ်လာ ၁၁၅၁၂ ဒသမ ၅၂၃ သန်း(၁၁ သမ ၅၁၂ ဘီလျံ)၊ ဟောင်ကောင်က ဒေါ်လာ ၉၇၈၃ ဒသမ ၁၅၉ သန်း(၉ ဒသမ ၇၈၃ ဘီလျံ)၊UK က ဒေါ်လာ ၇၄၇၁ ဒသမ ၀၂၉ သန်း(၇ ဒသမ ၄၇၁ ဘီလျံ)ဖြင့် အများဆုံးရင်းနှီးမြှုပ်နှံထားကြသည်။

တောင်ကိုရီးယားက ဒေါ်လာ ၄၁၂၀ ဒသမ ၇၃၂ သန်း၊ ဗီယက်နမ်က ဒေါ်လာ ၂၂၂၄ ဒသမ ၂၂၆ သန်း၊ မလေးရှားက ဒေါ် လာ ၁၉၇၀ ဒသမ ၂၀၁ သန်း၊ ဂျပန်က ဒေါ် လာ ၁၈၅၀ ဒသမ ၃၉၀ သန်း၊ နယ်သာလန်က ဒေါ်လာ ၁၅၇၂ ဒသမ ၁၂၁ သန်း၊ အိန္ဒိယက ဒေါ်လာ ၇၇၃ ဒသမ ၀၃၈ သန်း၊USA က ဒေါ်လာ ၅၇၄ ဒသမ ၇၁၆ သန်း၊ ပြင်သစ်က ဒေါ်လာ ၅၅၅ ဒသမ ၈၆၀ သန်း၊ အင်ဒိုနီးရှားက ဒေါ်လာ ၂၈၃ ဒသမ ၀၅၇ သန်း၊ ကနေဒါက ဒေါ်လာ ၂၀၃ ဒသမ ၅၉၄ သန်း၊ တိုင်ပေက ဒေါ်လာ ၁၉၈ ဒသမ ၃၂၃ သန်းစသည်ဖြင့် စုစုပေါင်း ၅၂ နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံထားသည်။

လျှပ်စစ်ယာဉ်များထုတ်လုပ်သည့်လုပ် ငန်း၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားရှစ်မျိုးကို ဦးစားပေးဆောင်ရွက်မည်ဖြစ်သဖြင့်  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အောက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများကို အဆိုပြုလွှာတင်ပြလာပါက ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုလွှာများ တင်ပြကြရန် ဖိတ်ခေါ်ထား သည်။

ယင်းလုပ်ငန်းများမှာ(က)ဓာတ်မြေသြ ဇာထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (ခ)ဘိလပ် မြေထုတ်လုပ်ခြင်းလုပ်ငန်းများ (ဂ)သံမဏိ ထုတ်လုပ်ခြင်းလုပ်ငန်းများ (ဃ)စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း၊ အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်သည့်လုပ်ငန်းများ (င) တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (စ)လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်းများ (ဆ)ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်းထုတ်လုပ်မှု လုပ်ငန်းများ၊ (ဇ)အများပြည်သူသယ်ယူပို့ ဆောင်ရေးလုပ်ငန်းများ ဖြစ်သည်။

အထက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍများတွင် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပြုလွှာတင်ပြလာပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့က လိုအပ်သည်များကူညီမည်ဟု သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်းကျော်ဖြင့်  တတိယအများဆုံးဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေး ခုနစ်ကြိမ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး ၇၄ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုလုပ်ငန်း ၂၂ ခု၊ အတည်ပြုလုပ်ငန်း ၂၆ ခု၊ စုစုပေါင်း ၄၈ ခု ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၃၇၉၁ ဒသမ ၃၉၈ သန်း ခွင့်ပြုခဲ့သည်။

 

Most Read

Most Recent