ဆန်ကြမ်းတစ်ပြည် ကျပ် ၁၀၀၀၊ ပေါ်ဆန်းမွှေးတစ်ပြည် ကျပ် ၁၇၀၀၊ ဆီ ၅၀ သားတစ်ဘူးလျှင် ကျပ် ၁၈၅၀ နှင့် ဝက်သားတို့ကို ရွေ့လျားစျေးကားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဆက်လက်ရောင်းချ

ဆန်ကြမ်းတစ်ပြည် ကျပ် ၁၀၀၀၊ ပေါ်ဆန်းမွှေးတစ်ပြည် ကျပ် ၁၇၀၀၊ ဆီ ၅၀ သားတစ်ဘူးလျှင် ကျပ် ၁၈၅၀ နှင့် ဝက်သားတို့ကို ရွေ့လျားစျေးကားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဆက်လက်ရောင်းချ
Published 29 December 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူများကို ဆန်ကြမ်းတစ်ပြည် ကျပ် ၁၀၀၀၊ ပေါ်ဆန်းမွှေးတစ်ပြည် ကျပ် ၁၇၀၀၊ ဆီ ၅၀ သားတစ်ဘူး ကျပ် ၁၈၅၀၊ ကြက်ဥ ၁၀ လုံးတစ်ကတ်လျှင် ကျပ် ၁၃၀၀ ဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆန် Exporter ကုမ္ပဏီကြီးများမှ  ဆက်လက်ရောင်းချလျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒလ၊ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ ရွှေပြည်သာ၊ အင်းစိန်စသည့်မြို့နယ်များတွင် လည်းကောင်း၊ ဒီဇင်ဘာ ၂၇ ရက်က သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ကြည့်မြင်တိုင်၊ ကမာရွတ်တို့တွင်လည်းကောင်း၊ ဒီဇင်ဘာလအတွင်း ဆက်လက်ရောင်းချခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၃ ရက်တွင် ဒေါပုံ၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာ၊ ရန်ကင်း၊ ဗိုလ်တထောင်မြို့နယ်တို့တွင် ရောင်းချပေးခဲ့သည်။

အောက်တိုဘာ ၁၂ ရက်က ရွှေပြည်သာ၊ လှိုင်သာယာ (အရှေ့)၊ ရန်ကင်း၊ သင်္ဃန်းကျွန်း၊ သာကေတ၊ မြောက်ဥက္ကလာမြို့နယ်တို့တွင် ရောင်းချခဲ့ကြောင်း သိရသည်။

ဆန်ကြမ်းတစ်ပြည်ကျပ် ၁၀၀၀၊ ပေါ်ဆန်းမွှေးတစ်ပြည် ကျပ် ၁၇၀၀ ၊ ဆီ ၅၀ သား တစ်ဘူးလျှင်ကျပ် ၁၈၅၀၊ ကြက်ဥ ၁၀ လုံး တစ်ကတ်လျှင် ကျပ် ၁၃၀၀ တို့အပြင် ဆိတ်သား၊ အမဲသား၊ ဝက်သားနှင့် ငါးမျိုးစုံတို့ကိုလည်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၆ ရက်က ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဒေါပုံ၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ သာကေတနှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင်လည်းကောင်း၊ စက်တင်ဘာ ၄ ရက်တွင် ကမာရွတ်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ မရမ်းကုန်း၊ လှိုင်၊ အလုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်မြို့နယ်တွင်လည်းကောင်း အသီးသီးရောင်းချပေးခဲ့သည်။

ရန်ကုန်မြို့သို့ ဆန်များ ပုံမှန်ပြန်လည်ဝင်ရောက်စေရေးနှင့် ဆန်စျေးတည်ငြိမ်စေရေးအတွက် COVID-19 ကြောင့် ပိတ်ထားသည့် ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း) ကို သြဂုတ် ၁၆ ရက်မှစတင်ကာ ပုံမှန်ပြန်ဖွင့်ပေးနေကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း) ကော်မတီက ကြေညာထားသည်။

ရန်ကုန်မြို့သို့ ဆန်များ ပုံမှန်ပြန်လည်ဝင်ရောက်စေရေးနှင့် ဆန်စျေးနှုန်း တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း) ကို သြဂုတ် ၁၆ ရက်မှစတင်၍ အပတ်စဉ် တနင်္လာမှ သောကြာအထိ တစ်ပတ်လျှင် ငါးရက် ပုံမှန်ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။ အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များနှင့် ယခင်ကုန်စည် ဒိုင်ပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသော ကုန်စည်ဒိုင်ပိတ်ရက်များကိုသာ ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း) ၏ ပိတ်ရက်များဖြစ်ကြောင်း အသိပေးချက်ထုတ်ပြန်ထားသည်။

Most Read

Most Recent