၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန်ကျန်ရှိသော ကုမ္ပဏီ ၃၅၆ ခုစာရင်း ထုတ်ပြန်ထားပြီး ရက်ပေါင်း ၃၀ အတွင်း ဘဏ်နှင့်ဆက်သွယ်စာရင်းရှင်းလင်းရန် ဗဟိုဘဏ်အသိပေး

၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန်ကျန်ရှိသော ကုမ္ပဏီ ၃၅၆ ခုစာရင်း ထုတ်ပြန်ထားပြီး ရက်ပေါင်း ၃၀ အတွင်း ဘဏ်နှင့်ဆက်သွယ်စာရင်းရှင်းလင်းရန် ဗဟိုဘဏ်အသိပေး
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 23 December 2021

၂၀၁၉ ခုနှစ်အတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသောကုမ္ပဏီ ၃၅၆ ခုစာရင်း ထုတ်ပြန်ထားပြီး ယင်းကြေညာချက်ထုတ်ပြန်သည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ပို့ကုန်ရငွေ ဝင်ရောက်ခဲ့သည့်ဘဏ်နှင့် ဆက်သွယ်စာရင်းရှင်းလင်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးချက်ထုတ်ပြန်ထားသည်။

၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး  ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ ပို့ကုန်ရငွေများအား  မိမိပို့ကုန်ရငွေဝင်ရောက်ခဲ့သည့်ဘဏ်များနှင့် ဆက်သွယ်စာရင်းရှင်းလင်းရန် ကုန်သည်စက်မှုအသင်းချုပ်မှတစ်ဆင့် အကြောင်းကြားထားပြီးဖြစ်သည်။

ဘဏ်များနှင့် ဆက်သွယ်စာရင်းရှင်းလင်းရန် ကျန်ရှိသည့်ကုမ္ပဏီများ(အသေးစိတ်စာရင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Website –www.cbm.gov.mm တွင် ကြည့်ရှုနိုင်သည်)အနေဖြင့် ယင်းကြေညာ ချက်ထုတ်ပြန်သည့်နေ့မှစ၍ သတ်မှတ်ကာလ ရက်ပေါင်း ၃၀ အတွင်း စာရင်းရှင်းလင်းခြင်းမရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်/သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရလည်း ကောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ  ပြဋ္ဌာန်းချက်များအရလည်းကောင်း ဆက် သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

ပြည်ပသို့ ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေပေးသွင်းရန် ကျန်ရှိနေသည့် ကုမ္ပဏီ ၂၅၉ ခုအား ပို့ကုန်ရငွေအားလုံးကို မိမိတို့ဘဏ် စာရင်းအသီးသီးတွင် နိုင်ငံခြားငွေဖြင့် ထည့်သွင်းကြရန် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက  ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်စွဲဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား အသိပေးချက်ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ၂၀၁၅ ခုနှစ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေအခန်း(၁၁)၊ပုဒ်မ ၃၈- ခတွင် မည်သူမျှပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရေဟု ပြဋ္ဌာန်းထားသည်။

ယင်းပြဋ္ဌာန်းချက်အရ ပြည်ပသို့ ပို့ကုန်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန်ရငွေအားလုံးကို ပို့ကုန်များ သင်္ဘောတင်သည့်နေ့မှ ခြောက်လအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းအသီးသီးသို့ နိုင်ငံ ခြားသုံးငွေဖြင့် ထည့်သွင်းရန် တာဝန်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၈ ခုနှစ်အတွင်း ပြည်ပပသို့ ပို့ကုန်တင်ပို့ခဲ့ပြီး လက်ရှိအချိန်အတွင် ပို့ကုန်ရငွေအားလုံးကိုလည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုလည်းကောင်း မိမိတို့၏ သက်ဆိုင်ရာဘဏ်စာရင်းတွင် ပြန်လည်ထည့်သွင်းရန် ပျက်ကွက်သော ပို့ကုန်တင်ပို့သည့် ကုမ္ပဏီ ၆၁၅ ခုရှိသည်ကို စိစစ်တွေ့ရှိရသဖြင့် အဆိုပါကုမ္ပဏီများအနေဖြင့် ယခုကြေညာသည့်ရက်မှ ရက်ပေါင်း ၉၀ အတွင်း ပို့ကုန်ရငွေအားလုံးကို မိမိတို့ဘဏ်စာရင်းအသီးသီးတွင် နိုင်ငံခြားငွေဖြင့် ထည့်သွင်းကြရန် နှိုးဆော် ခဲ့ပြီး ယင်းကာလအတွင်းထည့်သွင်းရန် ပျက်ကွက်သည့် ကုမ္ပဏီများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း၊ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် သြဂုတ် ၉ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် website တို့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၅ မှ ၂၂ ရက်အထိ ပို့ကုန်ရငွေ အပြည့်အဝ ဝင်ရောက်ပြီးသောကုမ္ပဏီလေးခုနှင့် ကျန်ရှိသော ပို့ကုန်ရငွေအတွက် ငွေပြန်လည်ဝင်ရောက်မည် မဟုတ်ကြောင်း အထောက်အထားများဖြင့် တင်ပြလာသည့် ကုမ္ပဏီများစာရင်း၊ စုစုပေါင်း ကုမ္ပဏီများ စာရင်းအား ပေးပို့လာခဲ့သဖြင့် ပို့ကုန်ရငွေ ပြန်လည်ထည့်သွင်းရန် ကုမ္ပဏီ ၂၅၉ ခု ကျန်ရှိနေကြောင်း သိရသည်။

Most Read

Most Recent