COVID - 19 ဓာတ်ခွဲနမူနာ  ၁၃၆၈၇  ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာသစ်  ၁၇၀ ဦး တွေ့ရှိပြီး ၅  ဦး သေဆုံး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၂၄  ရာခိုင်နှုန်းရှိ

COVID - 19 ဓာတ်ခွဲနမူနာ  ၁၃၆၈၇  ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာသစ်  ၁၇၀ ဦး တွေ့ရှိပြီး ၅  ဦး သေဆုံး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၂၄  ရာခိုင်နှုန်းရှိ
Published 18 December 2021

ဒီဇင်ဘာ ၁၇  ရက် ည ၈ နာရီမှ ဒီဇင်ဘာ ၁၈  ရက် ည ၈ နာရီထိ ဓါတ်ခွဲနမူနာစုစုပေါင်း ၁၃၆၈၇  ခုအား စစ်ဆေးပြီးစီးရာ COVID - 19 ရောဂါ ဓါတ်ခွဲ အတည်ပြုလူနာသစ် ၁၇၀   ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏  ဒီဇင်ဘာ ၁၈  ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရသိရသည်။

 ဓာတ်ခွဲအတည်ပြုလူနာသစ်  ၁၇၀   ဦးထပ်မံတွေ့ရှိခဲ့သဖြင့် ဒီဇင်ဘာ ၁၈   ရက်အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ  ၂၄  ရာခိုင်နှုန်းရှိကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ထပ်မံသေဆုံးသူဦးရေ  ၅  ဦးရှိသဖြင့် ဒီဇင်ဘာ ၁၈   ရက်အထိ သေဆုံးသူ   စုစုပေါင်း ၁၉၂၁၃   ဦးရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၁၈ ရက်  ည ၈ နာရီအထိ ဓါတ်ခွဲနမူနာ စုစုပေါင်း   ၅၈၈၆၃၉၄  ခု ကိုစစ်ဆေးခဲ့ရာ COVID-19 ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း  ၅၂၈၁၀၁  ဦး ရှိပြီဖြစ်ကြောင်းသိရသည်။

ထို့အတူ ဒီဇင်ဘာ ၁၈      ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရရှိသူ  ၂၄၇   ဦးရှိသဖြင့်  စုစုပေါင်း  ၅၀၅၁၀၃   ဦး  ဆေးရုံမှ ဆင်းခွင့် ရရှိပြီဖြစ်ကြောင်းသိရသည်။

Most Read

Most Recent