ကမ္ဘာ့ဒေါ်လာစျေးအညွန်းကိန်း ၉၆ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၈၆ ကျပ်ဝန်းကျင် ရှိနေ

ကမ္ဘာ့ဒေါ်လာစျေးအညွန်းကိန်း ၉၆ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၈၆ ကျပ်ဝန်းကျင် ရှိနေ
Published 18 December 2021

ဒီဇင်ဘာ ၁၈ ရက်တွင် ကမ္ဘာ့ဒေါ်လာ စျေးအညွှန်းကိန်း ၉၆ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်းတစ်ဒေါ်လာကျပ် ၁၇၈၆ ဝန်းကျင်ရှိနေသော်လည်း ငွေလဲကောင်တာများတွင် တစ်ဒေါ်လာ  ၁၈၆၀ ဝန်းကျင်ဖြင့် ရောင်းချနေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၇၀၀ ကျော်ဝန်းကျင်သို့ ရောက်ရှိနေသော်လည်း ငွေလဲကောင်တာအများစုတွင် ဒေါ်လာရောင်းချရာတွင် တစ်ဒေါ်လာ ၁၈၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချနေခြင်းဖြစ်သည်။

နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းဆောင်ရွက်ရာတွင် ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်း ၀.၅ % ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် စျေးကွက်အတွင်း တစ်ဒေါ်လာကျပ်  ၁၇၀ ခန့်စျေးပြန်ကျပြီး နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် တစ်ဒေါ်လာ ကျပ်  ၁၇၈၀ ဝန်းကျင်ဖြင့် စျေးစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသတ်မှတ်ချက်အား ကျော်လွန်ဆောင်ရွက်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းတို့အရ အရေးယူမည်ဖြစ်ကြောင်း၊ ယင်းညွှန်ကြားချက်သည် ၂၀၂၁ ခုနှစ်  နိုဝင်ဘာ ၁၀ ရက်မှစ၍ အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၀၄၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၃၄၀ ကျပ်၊ မလေးရှားရင်းဂစ် ၄၂၅ ကျပ်၊ ထိုင်းဘတ် ၅၆ ကျပ်၊ တရုတ်ယွမ် ၂၉၉ ကျပ်၊ ဂျပန်ယန်း ၁၆ ကျပ်တို့ဖြစ်သည်။

နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းဆောင်ရွက်ရာတွင် ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်း ၀.၅ % ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် နိုင်ငံခြားငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ကျပ် ၁၈၀၀ ဝန်းကျင်ဖြင့် ရောင်းချနေကြောင်း  သိရသည်။

ဒီဇင်ဘာ ၁၈ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းများမှာ ၁၆ ပဲရည်အခေါက် ရွှေစျေးနှုန်းမှာ ၁၉၇၅၀၀ ဝန်းကျင် ရှိနေပြီး ၁၅ ပဲရည်ရွှေစျေးနှုန်းမှာ ၁၆၉၂၀၀၀ ဝန်းကျင်ရှိနေခြင်းဖြစ်သည်။

Most Read

Most Recent