နှစ်လအတွင်း ခဲမဖြူနှင့် အဖြိုက်နက်ဖက်စပ်လုပ်ကွက်များမှ သတ္တုတန်ချိန် ၁၂၂ တန်နီးပါး ထုတ်လုပ်ထားပြီး တနင်္သာရီတိုင်းဒေသကြီးမှ တန် ၁၂၀ နီးပါးဖြင့် အများဆုံးထုတ်လုပ်ထား

နှစ်လအတွင်း ခဲမဖြူနှင့် အဖြိုက်နက်ဖက်စပ်လုပ်ကွက်များမှ သတ္တုတန်ချိန် ၁၂၂ တန်နီးပါး ထုတ်လုပ်ထားပြီး တနင်္သာရီတိုင်းဒေသကြီးမှ တန် ၁၂၀ နီးပါးဖြင့် အများဆုံးထုတ်လုပ်ထား
မြန်မာနိုင်ငံအထက်ပိုင်းရှိ သတ္တုလုပ်ကွက်တစ်ခုကိုတွေ့ရစဉ်
မြန်မာနိုင်ငံအထက်ပိုင်းရှိ သတ္တုလုပ်ကွက်တစ်ခုကိုတွေ့ရစဉ်
Published 16 December 2021

၂၀၂၁ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာနှစ်လအတွင်း ခဲမဖြူနှင့် အဖြိုက်နက် ဖက်စပ်လုပ်ကွက်များမှ သတ္တုတန်ချိန် ၁၂၂ တန်နီးပါး ထုတ်လုပ်ထားပြီး တနင်္သာရီတိုင်းဒေသကြီးမှ တန် ၁၂၀ နီးပါးဖြင့် အများဆုံး ထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် သတ္တုတန်ချိန် ၈၄ ဒသမ ၈၆၂ တန်၊ နိုဝင်ဘာလတွင် ၃၇ ဒသမ ၀၃၂ တန်ဖြင့် စုစုပေါင်း ၁၂၁ ဒသမ ၈၉၄ တန်ထုတ်လုပ်ထားသည်။

အဆိုပါနှစ်လအတွင်း ကယားပြည်နယ်မှ ၂ ဒသမ ၀၃၂ တန်၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁၁၉ ဒသမ ၈၆၂ တန်ထုတ်လုပ်ထားကြောင်း သိရသည်။

၂၀၂၀ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊  ဒီဇင်ဘာနှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ လေးလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ခဲမဖြူနှင့် အဖြိုက်နက်ဖက်စပ်လုပ်ကွက်များမှ သတ္တုတန်ချိန် ၁၄၄ တန်ကျော် ထုတ်လုပ်ထားပြီး ကယားပြည်နယ်မှ ၁၀၅ တန် နီးပါးဖြင့် အများဆုံးထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါကာလအတွင်း ကယားပြည်နယ်မှ ၁၀၄ ဒသမ ၄၉၅ တန်၊ တနင်္သာရီတိုင်းဒေသကြီးမှ ၃၉ ဒသမ ၆၅၄ တန်ထုတ်လုပ်ထားခြင်းဖြစ်သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်  ခဲမဖြူနှင့်အဖြိုက်နက်ထုတ်လုပ်မှုတွင် ကယားပြည်နယ်တွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း  ၁၈ ဒသမ ၂၈၉ တန်၊ နိုဝင်ဘာတွင် ၂၀ ဒသမ ၃၂၀၀ တန်၊ ဒီဇင်ဘာတွင် ၂၁ ဒသမ ၃၃၇၀ တန်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၂၃ ဒသမ ၃၆၉၀ တန်၊ ဖေ ဖော်ဝါရီလတွင်၂၁ ဒသမ ၃၃၇ တန်နှင့် မတ်လတွင် ၁၈ ဒသမ ဒသမ ၂၈၉၀ တန်နှင့် ဇူလိုင်လတွင် ၁၅ ဒသမ ၂၄၁၀  တန်၊ သြဂုတ်လတွင် ၂ဝဒသမ ၃၂၁၀ တန်၊ စက်တင်ဘာလတွင် ၁၅ ဒသမ၂၄၁၀ တန်ဖြင့် စုစုပေါင်း ၁၇၃ ဒသမ ၇၄၄၀ တန်ထုတ်လုပ်ထားသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၁၉  ခုနှစ် အောက်တိုဘာတွင် ၁၀ တန်၊ နိုဝင်ဘာတွင် ၄၅ ဒသမ ၈၂၂၁ တန်၊ ဒီဇင်ဘာတွင် ၃၆ ဒသမ ၁၇၄၀ တန်နှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၃၃ တန်၊ ဖေဖော်ဝါရီတွင် ၄၅ ဒသမ ၇၁၄၀ တန်နှင့် မတ်လတွင် ၅၅ တန်နှင့် ဧပြီလတွင် ၂၈ တန်နှင့် မေလတွင် ၇၅ တန်၊ ဇွန်လတွင် ၃၁ တန်နှင့် ဇူလိုင်လတွင် ၁၀ ဒသမ ၉၃၉၀ တန်၊ သြဂုတ်လတွင်၁၈ ဒသမ ၀၁၁၀ တန်၊စက်တင်ဘာလတွင် ၄၇ ဒသမ ၆၅၁၀ တန်ဖြင့် စုစုပေါင်း ၄၃၆ တန် ကျော်ထုတ်လုပ်ထားသည်။

လအလိုက်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ၂၈ ဒသမ ၂၈၉၀ တန်၊ နိုဝင်ဘာတွင် ၆၆ ဒသမ ၁၄၂၀ တန်၊ ဒီဇင်ဘာတွင် ၅၇ ဒသမ ၄၁၁၀ တန်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၅၆ ဒသမ ၃၆၉၀ တန်၊ ဖေဖော်ဝါရီတွင် ၆၇ ဒသမ ၁၅၁၀ တန်၊ မတ်လတွင် ၇၃ ဒသမ ၂၈၉၀ တန်နှင့် ဧပြီလတွင် ၂၈ တန်နှင့် မေလတွင် ၇၅ တန်၊ ဇွန်လတွင် ၃၁ တန်နှင့် ဇူလိုင်လတွင် ၂၆ ဒသမ ၁၈ တန်၊ သြဂုတ်လတွင် ၃၈ ဒသမ ၃၃၂၀ တန်၊ စက်တင်ဘာလတွင် ၆၂ ဒသမ ၈၉၂၀ တန်ဖြင့် စုစုပေါင်း ၆၀၉ ဒသမ ၉၅၅၀ တန်ထုတ်လုပ်ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ ဆယ်လအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင်စ ၆၃၅၅ ဒသမ ၃၄ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေ သကြီးမှ ထရိုင်အောင်စ ၄၇၃၂ ဒသမ ၇၃ အထိ ထုတ်လုပ်ထားသည်။

လအလိုက်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ၆၇၁  ဒသမ ၉၃၀ ထရိုင်အောင်စ၊ နိုဝင်ဘာတွင် ၁၅၀ ဒသမ ၈၆၀ ထရိုင်အောင်စ၊ ဒီဇင်ဘာတွင် ၅၈၅ ဒသမ ၁၄၀ ထရိုင်အောင်စ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၄၇၀ ဒသမ ၆၁၀ ထရိုင်အောင်စ၊ ဖေဖော်ဝါရီတွင် ၅၀၆ ဒသမ ၆၄၀ ထရိုင် အောင်စ၊ မတ်တွင် ၁၀၁၅ ဒသမ ၁၅၀ ထရိုင်အောင်စ၊ ဧပြီတွင် ၅၆၂ ဒသမ  ၆၆၀ ထရိုင်အောင်စ၊ မေတွင် ၇၁၁ ဒသမ ၅၉၀ ထရိုင်အောင်စ၊ ဇွန်တွင် ၇၂၈ ဒသမ  ၈၀၀ ထရိုင်အောင်စနှင့် ဇူလိုင်တွင် ၉၅၁ ဒသမ ၉၆၀ ထရိုင်အောင်စဖြင့် စုစုပေါင်း ၆၃၅၅ ဒသမ ၃၄ ထရိုင်အောင်စ ထုတ်လုပ်ထားသည်။

Most Read

Most Recent