ဆေးဝါးကုန်ကြမ်း ၂၃ လိုင်း၏ အကောက်ခွန်နှုန်းကို လက်ရှိအကောက်ခွန်နှုန်း သုံးရာခိုင်နှုန်းမှ သုညရာခိုင်နှုန်းသို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ လျှော့ချသတ်မှတ်

ဆေးဝါးကုန်ကြမ်း ၂၃ လိုင်း၏ အကောက်ခွန်နှုန်းကို လက်ရှိအကောက်ခွန်နှုန်း သုံးရာခိုင်နှုန်းမှ သုညရာခိုင်နှုန်းသို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ လျှော့ချသတ်မှတ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 16 December 2021

ဆေးဝါးကုန်ကြမ်း ၂၃ လိုင်း၏ အကောက်ခွန်နှုန်းအား လက်ရှိအကောက်ခွန်နှုန်း  သုံးရာခိုင်နှုန်းမှ အကောက်ခွန်နှုန်း သုညရာခိုင်နှုန်းသို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ လျှော့ချသတ်မှတ်လိုက်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးထုတ်လုပ်ရာတွင်   အမှန်တကယ်လိုအပ်သည့် ပစ္စည်းများဖြစ်ပြီး ပြည်တွင်း၌ ပမာဏများစွာ ထုတ်လုပ် နိုင်ရန်၊ ပြည်တွင်းဆေးဝါး ထုတ်လုပ်မှုအား  အကာအကွယ်ပေးရန်နှင့် ပြည်တွင်းဆေးဝါးများ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း (၂၀၁၇)၏ အခန်း(၂၉) နောက်ဆက်တွဲပါ  ဆေးဝါးကုန်ကြမ်း ၂၃ လိုင်း၏ အကောက်ခွန်နှုန်းအား လက်ရှိအကောက်ခွန်နှုန်း သုံးရာခိုင်နှုန်းမှ အကောက်ခွန် သုညရာခိုင်နှုန်း သို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ လျှော့ချသတ်မှတ် လိုက်ကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၄၄/ ၂၀၂၁ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

သို့ဖြစ်ရာ အဆိုပါအမိန့်ကြော်ငြာစာအမှတ် ၅၄၄/၂၀၂၁ ဖြင့် အကျုံးဝင်သော  ဆေးဝါးကုန်ကြမ်းများအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်အထိ MACCS စနစ်အသုံးပြု၍ သွင်း ကုန်ကြေညာလွှာ တင်သွင်းရာတွင် အကောက်ခွန်နှုန်း ကင်းလွတ်ခွင့် ရယူနိုင်ရန်အတွက်  Customs Duty Exemption Code အဖြစ်  ECMD-CD Exemption Code for COVID-19 အား အသုံးပြုရမည်ဖြစ်ကြောင်းနှင့် အကျိုးသက်ရောက်သည့်နေ့ရက်နှင့် အမိန့်ကြော်ငြာစာပါ အကျိုးသက်ရောက်သည့် နေ့ရက်တို့အကြား တင်သွင်းထားသော သွင်းကုန်ကြေညာလွှာများအတွက် အခွန်ဆိုင်ရာ လျော့နည်း/ပိုမိုကောက်ခံထားပါက ပြန်လည်ပေးအပ်ခြင်းနှင့် ထပ်မံကောက်ခံခြင်းလုပ်ငန်းစဉ်များအား သက်ဆိုင်ရာဌာနခွဲများသို့ ဆက်သွယ်မေးမြန်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲက ကြေညာချက်အမှတ်(၁၅/၂၀၂၁) ထုတ်ပြန်ထားသည်။

 

Most Read

Most Recent