ONE Championship သမိုင်းတွင် မိမိသည် လွှမ်းမိုးမှုအရှိဆုံး ၀ိတ်တန်းနှစ်ခု၏ ချန်ပီယံတစ်ဦးဖြစ်ခဲ့ပြီး ဒီရစ်ဒါနှင့် မကျေပွဲကို ခပ်မြန်မြန်သာ ပြန်လည်ရင်ဆိုင်လိုကြောင်း အောင်လအန်ဆန် ပြောကြား

ONE Championship သမိုင်းတွင် မိမိသည် လွှမ်းမိုးမှုအရှိဆုံး ၀ိတ်တန်းနှစ်ခု၏ ချန်ပီယံတစ်ဦးဖြစ်ခဲ့ပြီး ဒီရစ်ဒါနှင့် မကျေပွဲကို ခပ်မြန်မြန်သာ ပြန်လည်ရင်ဆိုင်လိုကြောင်း အောင်လအန်ဆန် ပြောကြား
Photo: Onefc
Photo: Onefc
Published 4 December 2021

ဒီရစ်ဒါနှင့် မကျေပွဲကို ခပ်မြန်မြန်သာ ပြန်လည်ရင်ဆိုင်လိုကြောင်း အောင်လအန်ဆန် ပြောကြား

ကချင်လူမျိုး MMA ကစားသမား အောင်လအန်ဆန်က မိမိသည် ONE Championship သမိုင်းတွင် လွှမ်းမိုးမှုအရှိဆုံး ချန်ပီယံဖြစ်ခဲ့သလို မိမိထံမှ ချန်ပီယံဆုနှစ်ခုစလုံးကို ယူသွားခဲ့သည့် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် မကျေပွဲကို ခပ်မြန်မြန်ဆင်နွှဲလိုကြောင်း SCMP သို့ ပြောကြားခဲ့ကြောင်း သိရသည်။

အောင်လအန်ဆန်သည် ပြီးခဲ့သည့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်အတွင်း ONE မစ်ဒယ် ၀ိတ်တန်းချန်ပီယံဆုနှင့် ONE လိုက်ဟဲဗီး ၀ိတ်တန်းချန်ပီယံဆုတို့ကို လက်လွှတ်ခဲ့ရသူဖြစ်ပြီး လက်ရှိအချိန်တွင် နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့သူ ဒီရစ်ဒါနှင့် မကျေပွဲကို ခပ်မြန်မြန်သာ ရင်ဆိုင်ခွင့်ရရန် ဆန္ဒရှိနေကြောင်း SCMP နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ် သည်။ “လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေတဲ့အပေါ်မှာ ကျွန်တော့် အနေနဲ့ စိတ်ပိုင်းဆိုင်ရာကို ဦးစားပေးပြီး ဖြေရှင်းဖို့ မကြိုးစားပါဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်တော်ဟာ လူကြီးလူကောင်းဆန်တဲ့ ဖိုက်တာတစ်ဦးဖြစ်တာကြောင့် ပြိုင်ဘက်တွေက ဘယ်လိုပဲပြောပါဦးတော့ သွေးပျက်စရာ မရှိပါဘူး။ ဒီနေ့အထိ ကျွန်တော်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ဘက်တွေ၊ ကျွန်တော့်ကို စိန်ခေါ်လာတဲ့ ပြိုင်ဘက်တွေနဲ့ပတ်သက်ရင် ကျွန်တော်က လေးလေးစားစားပဲ ပြောဆိုဆက်ဆံခဲ့တာပါ။ ဒါကြောင့် ဝေဖန်မှုတွေ၊ စိန်ခေါ်မှုတွေအားလုံးကို ပိုကောင်းတဲ့သူဖြစ်ကြောင်း သက်သေပြတဲ့နည်းနဲ့ပဲ ဖြေရှင်းမှာဖြစ်ပါတယ်”ဟု အောင်လအန်ဆန်က ပြောကြားသည်။

ထို့ပြင် “ကျွန်တော်က ONE Championship သမိုင်းမှာ လွှမ်းမိုးမှုအရှိဆုံးသော ၀ိတ်တန်းနှစ်ခုရဲ့ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ကြားထဲမှာလည်း လီအန်ဒရိုကို အငြင်းပွားဖွယ်ရာ မရှိတဲ့ရလဒ်နဲ့ အနိုင်ရခဲ့သူပါ။ ဒါက ကောင်းတဲ့အချက်လို့ အမြဲတမ်းယူဆပါတယ်။ ကျွန်တော်ဟာ ဖြစ်နိုင်ရင် ဒီရစ်ဒါနဲ့ မကျေပွဲကို ခပ်မြန်မြန်ပဲ ဆင်နွှဲလိုက်ချင်ပါတယ်။ ဒီလို အခွင့်အရေးရခဲ့ရင်လည်း အရင်ပွဲတွေနဲ့မတူတဲ့ ကွဲပြားခြားနားမှုမျိုးကို မြင်ရမယ်လို့ ကျွန်တော့်မှာယုံကြည်ချက်ရှိပါတယ်”ဟု အောင်လအန်ဆန်က ဆက်လက်ပြောကြားသည်။

လက်ရှိတွင် အောင်လအန်ဆန်၏ မစ်ဒယ် ၀ိတ်တန်း စိန်ခေါ်ပွဲနှင့်ပတ်သက်ပြီး သတင်းအမျိုးမျိုး ထွက်ပေါ်နေသလို ယခုနှစ်ကုန်ပိုင်း သို့မဟုတ် လာမည့်နှစ်ဆန်းပိုင်း အတွင်း ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ထိုးသတ်ရဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ သို့သော် အောင်လအန်ဆန်ပါဝင်မည့် ပွဲစဉ်မှာ ဒီရစ်ဒါနှင့်ယှဉ်ပြိုင်ရမည့် မစ်ဒယ် ၀ိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲ ဟုတ်၊ မဟုတ် မသိရသေးဘဲ ယူရှင်အိုကာမီနှင့်ပွဲစဉ်လည်း ဖြစ်နိုင်ကြောင်းသိရသည်။

Most Read

Most Recent