ဘင်ဖီကာနှင့်ပွဲကို ဘယ်လန်နန်ဆီအသင်း ကစားသမား(၉)ဦးဖြင့် ကစားခဲ့ရပြီး ပွဲမရွှေ့ပေးသဖြင့် မေးခွန်းထုတ်ဝေဖန်ခံရ

ဘင်ဖီကာနှင့်ပွဲကို ဘယ်လန်နန်ဆီအသင်း ကစားသမား(၉)ဦးဖြင့် ကစားခဲ့ရပြီး ပွဲမရွှေ့ပေးသဖြင့် မေးခွန်းထုတ်ဝေဖန်ခံရ
Photo: Getty Images
Photo: Getty Images
Published 29 November 2021

ပြီးခဲ့သည့် စနေနေ့က ယှဉ်ပြိုင်ခဲ့သည့် ပေါ်တူဂီပရီးမီးယားလီဂါပြိုင်ပွဲတွင် ဘယ်လန်နန်ဆီအသင်းသည်  ကစားသမားအများအပြား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသောကြောင့် ဘင်ဖီကာအသင်းကို ကစားသမား(၉) ဦးဖြင့်သာ ရင်ဆိုင်ကစားခဲ့ရပြီး ယင်းအခြေအနေ၌ ပွဲမရွှေ့ပေးသဖြင့် ပေါ်တူဂီလိဂ်ပြိုင်ပွဲတာဝန်ရှိသူများအား မေးခွန်းထုတ်ဝေဖန်မှုများ ရှိခဲ့ကြောင်း သိရသည်။

ဘယ်လန်နန်ဆီအသင်းတွင် ကစားသမား(၁၃)ဦးနှင့် နည်းပြအဖွဲ့ဝင်(၄)ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ဘင်ဖီကာနှင့်ပွဲတွင် ပါဝင်ကစားရန် ကစားသမား(၉)ဦးသာရှိနေသည်။

ထို့ပြင် ဂိုးသမား(၂)ဦး ပါဝင်ခဲ့ခြင်းဖြစ်ပြီး တစ်ဦးက နောက်ခံလူအဖြစ် ပါဝင်ကစားခဲ့ရခြင်းဖြစ်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ စည်းမျဉ်းအရ အသင်းတစ်သင်းတွင် အနည်းဆုံးကစားသမား(၇)ဦး ယှဉ်ပြိုင်ရန်ရှိနေပါက ပွဲဖြစ်မြောက်သည်ဟု သတ်မှတ်သောကြောင့် ယင်းပွဲကို သတ်မှတ်ထားသည့် ပွဲစဉ်ဇယားအတိုင်း ယှဉ်ပြိုင်ကစားစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘင်ဖီကာအသင်းကလည်း ပေါ်တို၊ စပို့တင်းလစ္စဘွန်းတို့နှင့် ထိပ်ဆုံးနေရာကို အပြိုင်လုနေရသောကြောင့် (၉)ယောက်သာ ကစားနိုင်သည့် ဘယ်လန်နန်ဆီအသင်းကို ပထမပိုင်းမှာပင် (၇)ဂိုးသွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင်မူ ဘယ်လန်နန်ဆီအသင်းက ကစားသမား(၇)ဦးဖြင့် ဆက်လက်ကစားခဲ့သော်လည်း ပွဲစပြီး မိနစ်ပိုင်းအတွင်းမှာပင် တစ်ဦးဒဏ်ရာရသွားသည့်အတွက် ဒိုင်လူကြီးက ပွဲကို အဆုံးသတ်ခဲ့ပြီး ဘင်ဖီကာအသင်းကို ပထမပိုင်းရလဒ်ဖြင့် အနိုင်ပေးခဲ့ကြောင်း သိရသည်။ 

 

Most Read

Most Recent