နိုဝင်ဘာ ၁၃ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၁၄ ရက် ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲနမူနာ ၂၃၀၄၂ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၇၁၄ ဦးတွေ့ရှိပြီး ၁၆ ဦး ထပ်မံသေဆုံးကြောင်း နိုဝင်ဘာ ၁၄ ရက် ညပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နိုဝင်ဘာ ၁၄ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၅၂၁၀၂၆၅ ခုအား စစ်ဆေးပြီးစီးထားပြီး ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၅၁၃၂၆၂ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၈၉၂၉ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာ ၁၄ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၈၁၀ ဦးရှိသဖြင့် ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၈၄၃၄၀ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ဓာတ်ခွဲစမ်းသပ်မှုများကို ကျန်းမားရေးဝန်ကြီးဌာန ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံ ကြီး(ခုတင် ၁၀၀၀) ၊နေပြည်တော် အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ လားရှိုးမြို့ အမှတ် (၉) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများတွင် COVID-19 Rapid Antigen Diagnostic Test ဖြင့် စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။















