လသာမြို့နယ် ကမ်းနားလမ်းတွင် ကွန်တိန်နာယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး လမ်းဘေးတွင် ရပ်တန့်ထားသည့် ယာဉ် ရှစ်စီးကျော်အား ဝင်တိုက်မှု နိုဝင်ဘာ ၁၂ ရက် (ယနေ့) နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
ကွန်တိန်နာယာဉ်သည် နိုဝင်ဘာ ၁၂ ရက် ၊ နံနက် ၁၀ နာရီခွဲခန့်တွင် ကမ်းနားလမ်းအတိုင်း ၁၉ လမ်းဘက်မှ မောင်းနှင်လာစဉ် ၂၂ လမ်းထိပ်ရောက်တွင် ဘရိတ်ပေါက်ကာ လမ်းဘေး၌ ရပ်ထားသည့် ယာဉ်များအား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
“လမ်းဘေးရပ်ထားတဲ့ကားတွေကို ဝင်တိုက်တာ။လူထိခိုက်ဒဏ်ရာတော့ မရှိပါဘူး”ဟု အခင်းဖြစ်နေရာအား သွားရောက်ခဲ့သည့် ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့ ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ကမ်းနားလမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု ယခင်ကထက် ပိုမိုဖြစ်ပေါ်ခဲ့သည်။















