နိုင်ငံခြားငွေ ရောင်း၊ ဝယ်လဲလှယ်ခြင်း သတ်မှတ်ချက် ထွက်ပေါ်ပြီးနောက် ဈေးကွက်အတွင်း တစ်ဒေါ်လာကျပ် ၁၇၀ ခန့် ပြုတ်ကျပြီး နိုဝင်ဘာ ၁၀ ရက်တွင် တစ်ဒေါ်လာကျပ် ၁၇၈၀ ဝန်းကျင်ဖြင့် ဈေးဖွင့်

နိုင်ငံခြားငွေ ရောင်း၊ ဝယ်လဲလှယ်ခြင်း သတ်မှတ်ချက် ထွက်ပေါ်ပြီးနောက် ဈေးကွက်အတွင်း တစ်ဒေါ်လာကျပ် ၁၇၀ ခန့် ပြုတ်ကျပြီး နိုဝင်ဘာ ၁၀ ရက်တွင် တစ်ဒေါ်လာကျပ် ၁၇၈၀ ဝန်းကျင်ဖြင့် ဈေးဖွင့်
နိုင်ငံခြား ငွေလဲကောင်တာ တစ်ခုကို တွေ့ရစဉ်။
နိုင်ငံခြား ငွေလဲကောင်တာ တစ်ခုကို တွေ့ရစဉ်။
Published 10 November 2021

နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယြ်ခင်း ဆောင်ရွက်ရာတွင် CBM Refence Rate ± ၀.၅ % ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် စျေးကွက်အတွင်း တစ်ဒေါ်လာ ကျပ် ၁၇၀ ခန့်စျေး ပြန်ကျပြီး နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၁၇၈၀ ဝန်းကျင်ဖြင့် စျေးဖွင့်ထားကြောင်း နိုင်ငံခြားငွေလဲ ကောင်တာများမှ သိရသည်။

နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင်ရဘဏ်များကသော်လည်းကောင်း၊ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် (MC) လိုင်စင်ရဘဏ်များကသော်လည်းကောင်း၊ နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် (MC) လိုင်စင်ရဘဏ်မဟုတ်သော ကုမ္ပဏီအဖွဲ့အစည်းများက သော်လည်းကောင်း နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းတို့ ဆောင်ရွက်ရာတွင် CBM Refence Rate ± ၀.၅ % ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် (၁၈/၂၀၂၁)ကို  ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၉ ရက်စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

အဆိုပါသတ်မှတ်ချက်အား ကျော်လွန်ဆောင်ရွက်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းတို့အရ အရေးယူမည်ဖြစ်ကြောင်း၊ ယင်းညွှန်ကြားချက်သည် ၂၀၂၁ ခုနှစ်  နိုဝင်ဘာ ၁၀ ရက်မှစ၍ အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၁၀ ရက်တွင် နိုင်ငံခြားငွေလဲနှုန်းအနေဖြင့် တစ်ဒေါ်လာ ကျပ်၁၇၈၃  ကျပ်၊ ယူရို ကျပ်၂၁၀၀၊ စင်ကာပူဒေါ်လာ ၁၃၅၀ ကျပ်၊ မလေးရှားရင်းဂစ် ကျပ် ၄၃၀၊  ထိုင်းဘတ် ၅၇ ကျပ်၊ ဂျပန်ယန်း ၁၇ ကျပ်၊ တရုတ်ယွမ် ကျပ် ၂၉၀ ဝန်းကျင် ရှိနေသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် ဖြစ်ပေါ်သော နိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ တစ်ဒေါ်လာ ၁၉၄၇ ကျပ်၊ ယူရို ကျပ် ၂၀၈၀၊ စင်ကာပူ ဒေါ် လာ ၁၃၆၀ ကျပ်၊ မလေးရှား ရင်းဂစ်၄၃၅ကျပ်၊ ထိုင်းဘတ် ၅ရကျပ်၊ ဂျပန်ယန်း ၁၇ ကျပ်နှင့် တရုတ်ယွမ် ၂၉၅ ကျပ်တို့ ဖြစ်သည်။

Most Read

Most Recent