မဲလ်ဘုန်းမြို့တွင် ချမှတ်ထားသည့် ကမ္ဘာ့အချိန်အကြာဆုံး COVID-19 Lockdown ကို ပြန်လည်ဖြေလျှော့ပေးမည်ဟု သြစတြေးလျ ပြောကြား

မဲလ်ဘုန်းမြို့တွင် ချမှတ်ထားသည့် ကမ္ဘာ့အချိန်အကြာဆုံး COVID-19 Lockdown ကို ပြန်လည်ဖြေလျှော့ပေးမည်ဟု သြစတြေးလျ ပြောကြား
Published 17 October 2021
Ref:  Reuters

ကမ္ဘာ့နိုင်ငံအသီးသီးမှ မြို့များနှင့်နှိုင်း ယှဉ်လျှင် COVID-19 Lockdown အောက်တွင် အချိန်အကြာဆုံးရှိခဲ့သည့် မဲလ်ဘုန်းမြို့တွင် နေအိမ်၌သာနေထိုင်ရေး Stay at Home အမိန့်ကို ယခုသီတင်းပတ်အတွင်း ပြန်လည်ရုပ်သိမ်းသွားမည်ဟု အရာရှိများက အောက်တိုဘာ ၁၇ ရက်တွင်ပြောကြားခဲ့ သည်။

အောက်တိုဘာ ၁၆ ရက်မှစပြီး ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်အချို့ကို ရုပ်သိမ်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မတ်လကတည်း က လူဦးရေငါးသန်းခန့်နေထိုင်သည့် မဲလ်ဘုန်းမြို့သည် lockdown ခြောက်ကြိမ်ချခဲ့ပြီး ယင်းကာလသည် ရက်ပေါင်း ၂၆၂ ရက် သို့မ ဟုတ် ကိုးလနီးပါးခန့်ရှိခဲ့သည်။

သြစတြေးလျနှင့် အခြားမီဒီယာများက မဲလ်ဘုန်း lockdown သည် အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့တော်၌ ၂၃၄ ရက်ကြာ ချခဲ့သည့် lockdown ထက်ကျော်လွန်ပြီး ကမ္ဘာ့ အချိန်အကြာဆုံး lockdown ဖြစ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

မဲလ်ဘုန်းမြို့ပါဝင်သည့် ၀ိတိုရီယပြည် နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက် နေချိန်တွင် ပြည်နယ်အတွင်း ကာကွယ်ဆေး ထိုးနှံမှုနှုန်းကို နှစ်ဆမြှင့်တင်ခဲ့ပြီး ယခုသီတင်း ပတ်တွင် ကာကွယ်ဆေးထိုးနှံမှုနှုန်း ၇၀ ရာ ခိုင်နှုန်း ရောက်ရှိမည်ဟု မျှော်လင့်ထားကာ တားမြစ်ကန့်သတ်ချက်များကို ဖြေလျှော့ပေး နေသည်။

“ဒီနေ့ဟာ ထူးခြားကောင်းမွန်တဲ့နေ့ပါ။  ဒီနေ့ဟာ ၀ိတိုရိယပြည်နယ်မှာ နေထိုင်သူ တွေအတွက် သူတို့ ဘာကိုရရှိခဲ့လဲဆိုတဲ့အ ပေါ် ဂုဏ်ယူနိုင်တဲ့ နေ့ပါ” ဟု ၀ိတိုရိယပြည် နယ်ဝန်ကြီးချုပ် ဒန်နီယယ် အန်ဒရူးက ပြော ကြားခဲ့သည်။

စီးပွားရေးလုပ်ငန်းအချို့နှင့် ဧည့်ခံပြုစု ရေးနေရာများကို ပြန်ဖွင့်ပေးခဲ့ပြီး ယင်းသို့ ပြန်ဖွင့်ပေးမှုတွင် မူလဝင်ဆံ့သည့်လူဦးရေ ထက် လျှော့ချကန့်သတ်သွားမည်ဖြစ်သည်။

နိုဝင်ဘာ ၅ ရက်တွင်ပြီးစီးမည်ဟု ခန့်မှန်းထားသည့် ဒေသခံစုစုပေါင်း၏ ၈၀ ရာခိုင် နှုန်းကို ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးစီးမည့်အချိန်တွင် လက်လီအရောင်းဆိုင် အ များအပြား အပါအဝင် ဖြေလျှော့မှုအများစုကို   ပြုလုပ်သွားမည်ဖြစ်သည်။

အောက်တိုဘာ ၁၇ ရက်က ၀ိတိုရိယ ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သစ် ၁,၈၃၈ ဦးရှိခဲ့ပြီး သေဆုံးသူ ခုနစ်ဦးရှိခဲ့သည်။

ရက်ပေါင်း ၁၀၀ ရှိခဲ့သည့် lockdown ကို ပြီးခဲ့သည့် သီတင်းပတ်က ရုပ်သိမ်းခဲ့သည့် အိမ်နီးချင်း နယူးဆောက်သ်ဝေးလ်စ် ပြည်နယ်တွင် ရောဂါကူးစက်ခံရသူ ၃၀၁ ဦးနှင့် သေဆုံးသူ ၁၀ ဦးရှိခဲ့သည်။ ယင်းပြည်နယ်အတွင်းနေထိုင်သူ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်း မှာ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးစီးခဲ့ ပြီးဖြစ်သည်။ တစ်ချိန်က COVID-19 ကပ်ရောဂါကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ခဲ့သည့် သြစတြေးလျသည် ယခုအခါတွင် ကာကွယ် ဆေးထိုးနှံမှုများကို တိုးမြှင့်နေပြီး ဗိုင်းရပ်စ် နှင့်အတူ ယှဉ်တွဲနေထိုင်ရန် ပြင်ဆင်နေသည်။

မဟာဗျူဟာအသစ်အရ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးစီးခဲ့မည်ဆိုလျှင် lockdown ချမှတ်ရန် လိုအပ်မည်မဟုတ်တော့ပေ။ အောက်တိုဘာ ၁၇ ရက်အထိ သြစတြေးလျတွင် ကာကွယ် ဆေးထိုးနှံနိုင်သည့် လူဦးရေ၏ ၆၈ ရာခိုင်နှုန်း သည် ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးစီးခဲ့ပြီးဖြစ်သည်။                        

 

Most Read

Most Recent