■ အောင်လအန်ဆန်၊ ဘရန်ဒန်ဗီရာနှင့် အန်ဂါလာနီတို့ပါဝင်သည့် Eating Challenge ပြုလုပ်

■ အောင်လအန်ဆန်၊ ဘရန်ဒန်ဗီရာနှင့် အန်ဂါလာနီတို့ပါဝင်သည့် Eating Challenge ပြုလုပ်
Photos : ONE Youtube, ONE Facebook
Photos : ONE Youtube, ONE Facebook
Published 13 October 2021

ONE Championship ကစီစဉ်သည့် MMA ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော အောင်လအန်ဆန်၊ ဘရန်ဒန်ဗီရာနှင့် အန်ဂါလာနီတို့ပါဝင်သည့် Eating Challenge ကို ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

Spicy Taco Challenge အစီအစဉ်တွင် အောင်လအန်ဆန် (မြန်မာ)၊ ဗီရာ (ဖိလစ် ပိုင်) နှင့် အန်ဂါလာနီ (ဟောင်ကောင်) တို့ ပါဝင်ခဲ့ပြီး သတ်မှတ်ချိန် သုံးမိနစ်အတွင်း ယှဉ်ပြိုင်ရကာ အောင်လအန်ဆန် အနိုင်ရရှိခဲ့သည်။

အောင်လအန်ဆန်သည် ယင်းကစားသမားနှစ်ဦးနှင့် ယှဉ်ပြိုင်ခဲ့ဖူးပြီး အနိုင်ရရှိထားသူဖြစ်သည်။

အောင်လအန်ဆန်သည်  အန်ဂါလာနီနှင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် စိန်ခေါ်ပွဲ၊ ဗီရာနှင့် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲထိုးသတ်ခဲ့ရာ နှစ်ပွဲစလုံး အနိုင်ရရှိခဲ့သည်။

ONE Championship အဖွဲ့အစည်းသည် မြန်မာ MMA ကစားသမား အောင်လအန်ဆန်၏တွဲဆိုင်းကို အစောဆုံး ဒီဇင်ဘာမှသာ ထည့်သွင်းကျင်းပဖွယ်ရှိကြောင်း သိရသည်။

ONE Championship သည် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ကျင်းပမည့် ပြိုင်ပွဲ (၄)ခုမှ အဓိကတွဲဆိုင်းနှင့် Co-Main Event တို့ကို ထုတ်ပြန်ခဲ့ရာ အောင်လအန်ဆန်၏တွဲဆိုင်း ပါဝင်လာခြင်းမရှိသဖြင့် ဒီဇင် ဘာတွင်ကျင်းပရန် စီစဉ်ထားသည့် ပြိုင်ပွဲ (၂)ပွဲမှသာ ပါဝင်လာဖွယ်ရှိနေသည်။

ONE Championship သည် အောက်တိုဘာ (၁၅)ရက်နှင့် (၂၉) ရက်ပြိုင်ပွဲတွင်ပါဝင်မည့် တွဲဆိုင်းများ၊ နိုဝင်ဘာ (၁၂)နှင့် (၂၆)ရက် ပြိုင်ပွဲ တွင်ပါဝင်မည့် အဓိကတွဲဆိုင်းနှင့် Co-Main Event တွဲဆိုင်းများ ထုတ်ပြန် ကြေညာထားပြီး ဒီဇင်ဘာ (၅)နှင့် (၁၇) ရက်တွင် ပြိုင်ပွဲ(၂)ပွဲ ထပ်မံကျင်းပမည်ဖြစ်သည်။

ONE Championship သည် ဒီဇင်ဘာတွင်ကျင်းပမည့် ပြိုင်ပွဲများ၌ ကမ္ဘာ့ချန်ပီယံလုပွဲများ၊ နာမည်ကြီးကစားသမားများ၏တွဲဆိုင်းများ ထည့်သွင်းကျင်းပရန်စီစဉ်ထားရာ ယင်းပြိုင်ပွဲများတွင် အောင်လအန်ဆန်၏တွဲဆိုင်း ပါဝင်လာဖွယ်ရှိနေခြင်းဖြစ်သည်။

 

Most Read

Most Recent