ဂျပန်ဝန်ကြီးချုပ်သစ် ဖူမီယိုကီရှီဒါက ပါလီမန်တွင် အတိုက်အခံတို့၏ မေးခွန်းများကို ပထမဆုံး ရင်ဆိုင်ရဖွယ်ရှိ

ဂျပန်ဝန်ကြီးချုပ်သစ် ဖူမီယိုကီရှီဒါက ပါလီမန်တွင် အတိုက်အခံတို့၏ မေးခွန်းများကို ပထမဆုံး ရင်ဆိုင်ရဖွယ်ရှိ
အောက်တိုဘာလ ၁၁ ရက်က ဂျပန်အောက်လွှတ်တော်တွင် မိန့်ခွန်းပြောကြားနေသည့် ဝန်ကြီးချုပ်ကီရှီဒါအား တွေ့ရစဉ်
အောက်တိုဘာလ ၁၁ ရက်က ဂျပန်အောက်လွှတ်တော်တွင် မိန့်ခွန်းပြောကြားနေသည့် ဝန်ကြီးချုပ်ကီရှီဒါအား တွေ့ရစဉ်
Published 11 October 2021
Ref: Reuters

ဂျပန်ဝန်ကြီးချုပ်သစ် ဖူမီယိုကီရှီဒါသည် အောက်တိုဘာ ၁၁ ရက်တွင် မေးခွန်းများ ဖြေကြားခြင်းဖြင့် ပါလီမန်တွင် စတင်ပွဲထွက်လာခဲ့ရာ လွန်ခဲ့သောသီတင်းပတ်တွင် ၎င်းဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးနောက်ပိုင်း ၎င်း၏ကတိများနှင့် အစီအစဉ်များကို စုံစမ်းမေးမြန်းရန် အတိုက်အခံအနေဖြင့် ပထမဆုံးအခွင့်အရေး ဖြစ်လာခဲ့သည်။

အထွေထွေရွေးကောက်ပွဲကို သီတင်းသုံးပတ်အတွင်း ကျင်းပရန်စီစဉ်ထားခြင်းနှင့်အတူ နောက်လာမည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလှိုင်းကို ဖြေရှင်းခြင်းနှင့်အားနည်းနေသော စီးပွားရေးကို ပြန်လည်တည်ဆောက်ခြင်းတို့သည် အဓိကဖြေကြားရမည့်မေးခွန်းများ ဖြစ်လာရန်ရှိနေသည်။

ဂျပန်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူများ လျော့နည်းသွားသော်လည်း ဆောင်းရာသီမတိုင်ခင် ကူးစက်မှုများ မြင့်တက်လာနိုင်ဖွယ်ရာ ရှိနေသည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။

အဓိက အတိုက်အခံပါတီသည် ဆေးစစ်မှုကို တိုးချဲ့လုပ်ဆောင်ရမည်ဟု ယုံကြည်နေပြီး စည်းကမ်းတင်းကျပ်ခြင်းမရှိသော lockdown များကို ရုပ်သိမ်းလိုက် ပြဌာန်းလိုက် လုပ်နေခြင်းကို ရပ်တန့်သင့်သည်ဟု ပြောကြားခဲ့သည်။

အခြားတစ်ဖက်တွင်လည်း အစိုးရသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ အလွန်ထောက်ပံ့မှုများပြုလုပ်ရန် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သူများကို ကူညီရေးအတွက် ယန်းငွေတစ်ဆယ် ထရီလီယံရှိမည့် ကူညီထောက်ပံ့အရေး အစီအစဉ်ကို ရေးဆွဲနေသည်ဟု ကီရှီဒါက ပြောကြားခဲ့သည်။

စီးပွားရေးကို အခက်အခဲကြားက ဆွဲထုတ်ရန် နည်းလမ်းရှာဖွေသည့်အနေဖြင့် ဓနကွာဟမှုကို ကျဉ်းမြောင်းစေသော အရင်းရှင်စနစ်ပုံစံသစ်ကို ကီရှီဒါက အမွှမ်းတင် ပြောကြားခဲ့သည်။

သို့ရာတွင် ဓနကိုပြန်လည်ခွဲဝေရေး နည်းလမ်းတစ်ခုအနေဖြင့် ကြီးကြီးမားမား အမြတ်အစွန်းများနှင့် အမြတ်ဝေစုများအပေါ်တွင် နိုင်ငံ၏အခွန်စည်းကြပ်ပုံကို သုံးသပ်ရန်စဉ်းစားမည်ဟု ၎င်းကလေသံပျော့လိုက်သောကြောင့် ၎င်းကတိကဝတ်များ လက်တွေ့ကျရေးသည် ဖိအားရှိလာဖွယ်ရာ ရှိနေသည်။

“လောလောဆယ်မှာတော့ ဝင်ငွေခွန်ကို ကိုင်တွယ်ဖို့ အစီအစဉ်မရှိသေးပါဘူး။ ဦးစားပေး ဖြေရှင်းရမယ့် အခြားအရာတွေ အများအပြားရှိနေပါတယ်” ဟု အောက်တိုဘာ ၁၀ ရက်တွင် ကီရှိဒါက Fuji Television Network ကို ပြောကြားခဲ့သည်။

အတိုက်အခံတို့သည် အောက်တိုဘာ ၃၀ တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ၎င်းပါတီ၏ မူဝါဒကြေညာစာတမ်းနှင့် ပတ်သက်၍ ကီရှီဒါကို မေးမြန်းနိုင်ဖွယ် ရှိနေသည်။ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီသည် ဖြစ်နိုင်လျှင် ကာကွယ်ရေး ဘက်ဂျက်ကို နှစ်ဆတိုးရန် ဆန္ဒရှိနေသည်ဟု ရိုက်တာသတင်းဌာနက လက်ခံရရှိခဲ့သည့် မူကြမ်းတစ်ခုအရ သိရသည်။

ဂျပန်သည် ထင်ရာစိုင်းမှုများကို ပိုမိုလုပ်ဆောင်လာသော တရုတ်နှင့် မြောက်ကိုရီးယား၏ အဏုမြူလက်နက်အစီအစဉ်များ၊ ဒုံးကျည်အစီအစဉ်များကို ရင်ဆိုင်နေရပြီး တရုတ်နှင့် မြောက်ကိုရီးယားတို့၏ ပြဿနာကို စိုးရိမ်ကြောင်း ကီရှီဒါက ပြောကြားခဲ့သည်။ ခက်ခဲသော လုံခြုံရေးပတ်ဝန်းကျင်တွင် ဂျပန်ပြည်သူများကို ကာကွယ်ရန် မိမိဆုံးဖြတ်ထားသည်ဟု ကီရှီဒါက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ကီရှီဒါသည် အောက်တိုဘာ ၄ ရက်တွင် ၎င်းအစိုးရအဖွဲ့သစ်ကို ကြေညာခဲ့ရာ ဂျပန်အစိုးရအဖွဲ့တွင် မျက်နှာသစ်အချို့ ပါဝင်လာခဲ့သည်။          

Most Read

Most Recent