မန္တလေးမြို့တွင် အီလက်ထရွန်နစ် ပစ္စည်းအရောင်းပြခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွား

မန္တလေးမြို့တွင် အီလက်ထရွန်နစ် ပစ္စည်းအရောင်းပြခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွား
Published 10 October 2021
သက်ထွန်းအောင်

မန္တလေးမြို့တွင် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက လျှပ်စစ်မိန်းခုံ အပူလွန်ကဲရာမှ Electronic ပစ္စည်းများ မီးလောင်ကျွမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

  အောက်တိုဘာ ၁၀ ရက် နံနက် ၇ နာရီ မိနစ် ၂၀ က ချမ်းမြသာစည်မြို့နယ် မြို့သစ် (၁) ရပ်ကွက် ၇၃ လမ်း၊ ၁၀၆ လမ်းနှင့် ၁၀၇ လမ်းကြားရှိ မင်္ဂလာ-မန္တလေး Shop House ရှစ်ခန်းတွဲလေးထပ် အခန်းအမှတ် (၁) ဒုတိ ယထပ်တွင် Myo Thein Electronic (၄၀ x ၅၀) ပေခန့် အရောင်းပြခန်းအတွင်းတွင် ပစ္စည်းများပြသသည့် Display ပြစက်ဖြင့် ဆက်သွယ်ထားသော လျှပ်စစ်မိန်းခုံအပူလွန်ကဲရာမှ ကာရံထားသော အထပ်သားမှတစ် ဆင့် အခန်းမျက်နှာကြက်သို့ မီးကူးစက်လောင် ကျွမ်းခဲ့ကြောင်း မီးသတ်ဌာနမှ သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဆောင်ကာ မီးသတ်ယာဉ် ၂၅ စီး၊ မီးသတ်ရေသယ်ယာဉ် ငါးစီး၊ အထောက်အကူပြုယာဉ်ငါးစီး၊ အုပ် ချုပ်မှုယာဉ်သုံးစီး၊ လောကပါလလူမှုကူညီ ရေးအသင်းမှ ရေသယ်ယာဉ်နှစ်စီး၊ ဓမ္မိကလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်တစ်စီး၊ ချမ်းမြသုခ လူမှုကူညီရေးအသင်းမှ ရေသယ် ယာဉ်တစ်စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ သွား ရောက်ငြိှမ်းသတ်ခဲ့ကြောင်း၊ နံနက် ၈ နာရီ ၁၃ မိနစ်တွင် မီးထိန်းနိုင်ပြီး နံနက် ၈ နာရီခွဲ တွင် မီးလုံးဝငြိှမ်းခဲ့ကြောင်း၊ ဒဏ်ရာရသေ ဆုံးသူမရှိကြောင်း မီးသတ်ဌာနမှ သိရသည်။

 မီးလောင်မှုကြောင့် အိမ်သုံးလျှပ်စစ် ပစ္စည်းများ၊ Sound Box များ၊ အမ်ပလီဖိုင်ယာများ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁)နယ်မြေရဲစခန်းက အဆိုပါဆိုင် မန်နေဂျာဖြစ် သူ ၃၉ နှစ်အရွယ် အမျိုးသားအား (ပ) ၂၀၆/ ၂၀၂၁၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

 

Most Read

Most Recent