ပြည်ထောင်စုရှေ့နေချုပ်ရုံးအား ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်း

ပြည်ထောင်စုရှေ့နေချုပ်ရုံးအား ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်း
Published 31 August 2021

ပြည်ထောင်စုရှေ့နေချုပ်ရုံးအား ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ဖွဲ့စည်းကြောင်း မြန်မာ့ရုပ်မြင်သံကြား၏ သြဂုတ် ည ၈ နာရီ သတင်းကြေညာချက်အရ သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အမိန့်အရ ကြေညာခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကြေညာချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထောင်စုရှေ့နေချုပ်ရုံးအား ဥပဒေရေးရာဝန်ကြီးဌာန (Ministry of Legal Affairs) အဖြစ် ပြင်ဆင်ဖွဲ့စည်းကြောင်း  ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဒေါက်တာ သီတာဦးအား ခန့်အပ် တာဝန်ပေးလိုက်သည့်အပြင် ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်အဖြစ် ဦးစန်းလွင်အား ခန့်အပ် တာဝန်ပေးအပ်လိုက်ကြောင်း အမိန့်ကြော်ငြာစာ အသီးသီးထုတ်ပြန်ခဲ့ကြောင်း သတင်းကြေညာချက်တွင် ဖော်ပြသည်။

အဆိုပါ အမိန့်များကို အမိန့်အမှတ် ၁၇၆/၂၀၂၁ နှင့် အမိန့်အမှတ် ၁၇၇/၂၀၂၁၊ ၁၇၈/ ၂၀၂၁တို့ ဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent