အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ Oxygen Concentrator (၅၁) လုံး အပါအဝင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးပစ္စည်းများ လှူဒါန်း

အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ Oxygen Concentrator (၅၁) လုံး အပါအဝင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးပစ္စည်းများ လှူဒါန်း
Photo : Ministry of Foreign Affairs Myanmar
Photo : Ministry of Foreign Affairs Myanmar
Published 16 August 2021

အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ လှူဒါန်းထားသည့် Oxygen Concentrator (၅၁) လုံး အပါအဝင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးပစ္စည်းများ သြဂုတ် ၁၅ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အိန္ဒိယအစိုးရမှလှူဒါန်းသည့် ဆေးနှင့် ဆက်စပ်ပစ္စည်းများအနက် ပထမအသုတ်အဖြစ် Oxygen Concentrator (၅၁) လုံး၊ Pulse Oximeter အခု ၉ဝဝ၊ Patient Monitor ၁၀ ခု၊ Surgical Mask သုံးသိန်း၊ Nasal Oxygen Cannula အခု ၂၅ဝဝဝ၊ Rapid Antigen Test Kit  အခု ၁၈ဝဝဝ၊ Body Bag  ၃၈၅ ခုနှင့် PPE Coverall ၁၇၆၀ ခုစသည့် ပစ္စည်းရှစ်မျိုး၊ စုစုပေါင်းတန်ချိန် ငါးတန်ကျော်အား သြဂုတ် ၁၅ ရက်တွင် မြန်မာ့အမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှ ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။  

အဆိုပါ လှူဒါန်းသည့် ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှနှင့် တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

Most Read

Most Recent