ကဗျာဆရာကြီး ဆရာအောင်ချိမ့်သည် ယနေ့ (သြဂုတ် ၉ ရက်) ည ၈ နာရီ ၁၂ မိနစ်က ကွယ်လွန်သွားကြောင်း ဆရာအောင်ချိမ့်၏ သမီးဖြစ်သူက ၄င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
" 8:12 PM ချိမ့်မွေးနေ့မှာ ပါးဆုံးသွားပါပြီ" ဟု ဆရာအောင်ချိမ့်၏ သမီးဖြစ်သူက ရေးသားထားသည်။
ဆရာအောင်ချိမ့်ကို ၁၉၄၈ ခုနှစ်က မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်ရှိပြီဖြစ်သည်။
ဆရာအောင်ချိမ့်၏ ထင်ရှားသော ကဗျာအချို့မှာ ဂန္တဝင်မမ၊ ခင်ခင်ပျိုရေ စောင့်ခဲ့တယ်၊ အသည်းစွဲ ကဗျာဆရာတို့ ဖြစ်သည်။
ဆရာကြီး အောင်ချိမ့်၏ ကဗျာများကို လူငယ်များလည်း ကြိုက်နှစ်သက်ကြပြီး " ငါရှူံးပါစေ တရားက နိုင်ပါစေ" အစရှိသည့် ဆရာအောင်ချိမ့်၏ စာသားများကို ရေးသားကာ ကွယ်လွန်မှုအတွက် အမှတ်တရရေးသားခြင်းများ လူမှုကွန်ရက် စာမျက်နှာများတွင် ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။









