မကြာသေးမီကပဲ ဆီမြွန်နီက စကားတစ် ခွန်းဆိုခဲ့တယ်။ ''အခုဆိုရင် လာလီဂါရဲ့မဟာအ သင်းကြီးတွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်ရော ဘာစီလိုနာပါ နှစ်သင်းစလုံး အမှားလုပ်မိကြလို့မရ တော့ဘူးဆိုတာကောင်းကောင်းသိနိုင်ကြပါပြီ'' လို့ဆိုခဲ့တယ်။ အမှားလုပ်မိသွားတာနဲ့အက်သ လက်တီကိုက သူတို့ကိုအချိန်မရွေး ကျော်ဖြတ် သွားနိုင်တော့မယ်ဆိုပြီး ဆီမြွန်နီက အသင်းကြီး နှစ်သင်းကို သတိပေးလိုက်တာပဲဖြစ်တယ်။ ပြီးခဲ့ တဲ့ရာသီ လာလီဂါကိုပြန်ကြည့်ရင် ဆီမြွန်နီရဲ့သတိပေးစကားမမှားဘူးလို့ ပြောလို့ရတယ်။ ပြီးခဲ့တဲ့ ရာသီမစခင်မှာ ရီးယဲလ်ရောဘာစီလိုနာပါ ပြင် ဆင်မှုတွေသိပ်မလုပ်နိုင်ခဲ့ကြဘူး။ ကိုဗစ်ကပ်ရော ဂါပေးတဲ့ပြဿနာတွေကြားမှာ ရုန်းကန်နေကြရင်း ရီးယဲလ်မက်ဒရစ်ဆို ကစားသမားတစ်ယောက်တ လေ အားဖြည့်တာမျိုးတောင် မလုပ်နိုင်ခဲ့ဘူး။ ဘာ စီလိုနာက နည်းပြအပြောင်းအလဲတွေ၊ မက်ဆီပြ ဿနာတွေကိုရှင်းလင်းရင်းနဲ့ပဲ အချိန်ကုန်နေပြီး ရာသီအတွက် အသင်းကိုစိတ်ကြိုက်ပြင်ဆင်ခွင့် မရှခဲ့ကြဘူး။ ပြိုင်ပွဲတွေစတဲ့အချိန်မှာလည်း ဘာ စီလိုနာရော ရီးယဲလ်မက်ဒရစ်ပါ နှစ်သင်းစလုံး ရုန်းရကန်ရနဲ့ ဖြတ်သန်းခဲ့ကြရတယ်။ ဒီအခွင့်အ ရေးကို အက်သလက်တီကိုက လက်လွတ်မခံပဲ အရယူအသုံးချသွားနိုင်ခဲ့လို့ ရာသီသိမ်းချိန်မှာ အက်သလက်တီကိုမက်ဒရစ် ချန်ပီယံဖြစ်သွားခဲ့ တာလို့ ပြောနိုင်ခဲ့တယ်။
ဆီမြွန်နီနဲ့ အက်သလက်တီကိုမက်ဒရစ်အကြောင်း တစေ့တစောင်း
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago