ဒီရာသီမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းဟာ ဘယ်နာမည်ကျော်ကစားသမားကိုမှ မခေါ်ခင်မှာ ထိပ်တန်းကစားသမားတွေကို ဆုံးရှုံးဖို့ ဖြစ်လာခဲ့ပြီ။ သူတို့က ရာမို့စ်ကို ဆုံးရှုံးခဲ့ပြီး ဖြစ်သလို၊ မကြာခင်မှာ အသင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်တဲ့ ဗာရန်းကိုလည်း ဆုံးရှုံးဖို့ များနေပြီ။ ဇီဒန်းက ဒါတွေကို ကြိုသိခဲ့လို့လည်း အသင်းကထွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ ပီရက်ဇ်က လာမယ့်နှစ်တွေကို ကစားသမားခေါ်ယူဖို့ထက် အသင်းမှာ ရှိနေတဲ့သူတွေနဲ့ အငှားချထားတဲ့ ကစားသမားတွေကို ပေါင်းစပ်ပြီး အသင်းကို ထိန်းသွားဖို့ပဲ လုပ်တော့မယ်လို့ ယူဆရတယ်။ ပြီးခဲ့တဲ့ (၂)နှစ်လုံးလုံး ဒီမော်ဒယ်အ တိုင်းပဲသွားခဲ့ပြီး ဒါဟာ အလုပ်ဖြစ်ခဲ့တယ်ဆိုတာတော့ သေချာတယ်။ အထူးသဖြင့် ဘာစီလိုနာအသင်း ဒုက္ခပင်လယ်ဝေနေချိန်မှာ ရီးယဲလ်က ဒီလောက်အထိ တောင့်ခံနိုင််ခဲ့တာက ချိန်သားကိုက်တဲ့ ရောင်းထုတ်မှု၊ အငှားချမှုတွေကြောင့်ဖြစ်နေတယ်။
ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်ရဲ့ ခြားနားတဲ့ ခြေလှမ်းများ (၂)
Photos: Getty Images & Real Madrid