စပါးအသင်းသည် အတ္တလန်တာအသင်းမှ အာဂျင်တီးနားနောက်ခံလူ ခရစ္စတီယန်ရိုမဲရိုးကို ခေါ်ယူရန် ကစားသမားနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
စပါးအသင်းသည် ရိုမဲရိုး(၂၃ နှစ်)ကို (၅)နှစ်စာချုပ်ချုပ်ဆိုပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်သည့် သဘောတူညီချက် ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် နှစ်သင်းကြား ပြောင်းရွှေ့ကြေးအတွက် ဆက်လက်ညှိနှိုင်းရမည်ဖြစ်ပြီး စပါးအသင်းက ယူရိုသန်း(၄၀)နှင့် Add-ons ကြေး (၁၀)သန်းဖြင့် စတင်ကမ်းလှမ်းလိုက်ပြီဖြစ်သော်လည်း အတ္တလန်တာအသင်းက ယူရိုသန်း(၆၀)ဝန်းကျင် အလိုရှိနေကြောင်း သိရသည်။