ကျွန်တော် ရှင်သန်ကြီးပြင်းခဲ့ရာ New Addington ဟာ ခမ်းနားကြီးကျယ်တဲ့နေရာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ သက်ဝင်လှုပ်ရှားမှု၊ ခင်မင်နှစ်လိုမှုတွေနဲ့ မှုန်းခြယ်ထားတဲ့ နေရာမျိုးပဲ။ အဖွဲ့အစည်းတစ်ခုရဲ့ အသွေးအသား၊ စိတ်ဓာတ်ကို ကျွန်တော်တို့ဆီမှာ ခံစားခွင့်ရလိမ့်မယ်။ ကျွန်တော်တို့ ဆီရောက်လာဖူးတဲ့ သူတစိမ်းတွေဟာ ကျွန်တော်တို့နေရာလေးမှာ ခပ်လွယ်လွယ်ပျော်ဝင်သွားတတ်တယ်။ ဘောလုံးအားကစားနည်းကို ရူးသွပ်ပုံကလည်း လက်ဖျားခါလောက်တယ်။ မမောနိုင်မပန်းနိုင်၊ မရပ်မနား ဘောလုံးကစားနေသူတွေ မြင်ရနိုင်တယ်။ အိမ်ထဲမှာ၊ အိမ်အပြင်ဘက် လမ်းမတွေပေါ်မှာ၊ ပန်းခြံထဲမှာ၊ စာသင်ကျောင်းမှာ၊ ကစားကွင်းမှာ၊ သံဇကာတပ်နေရာလွတ်ထဲမှာ၊ ဘယ်နေရာကို ကြည့်လိုက်ကြည့်လိုက် ဘောလုံးကစားနေသူတွေ မြင်ရလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုမျိုးနေရာတွေမှာ ဘောလုံးကစားခဲ့ဖူးတယ်။ ကျွန်တော့်ရဲ့ ငယ်ဘဝတုန်းက ဘောလုံးကစား အဖြစ်ဆုံးရပ်ဝန်းဟာ အဖေ့ရဲ့ အိမ်အိုဟောင်းလေး ရှေ့မှာပါပဲ။ အဖေရဲ့ သစ်သားအိမ်အိုဟောင်းလေး ရှေ့မှာ ခပ်စိမ်းစိမ်းမြေကွက်လပ်ရှိတယ်။ ကျွန်တော်တို့တတွေ အဲဒီနေရာမှာ အမြဲလိုလိုဘောလုံး ကစားကြတာပဲ။ ကျွန်တော်တို့အုပ်စုက အနည်း ဆုံး (၁၀)ယောက်လောက်ရှိတယ်။ တစ်ခါတလေ မှာ (၁၂)ယောက်ကျော်လောက်ရှိတတ်တယ်။ တစ် ဖက် (၁၀)ယောက်ဆီ ခွဲကစားရတဲ့အချိန်တွေလည်း ရှိခဲ့ဖူးပါတယ်။ ဘောလုံးကစားမယ်ဟေ့ဆိုရင် လူစုစရာမလိုဘဲ လူအုပ်ဟာ အမြဲတမ်းကြီး ထွားနေတတ်တာပါပဲ။ ကျွန်တော်တို့ရဲ့ ဘောလုံးပွဲဟာ မှောင်ရီပျိုးစအချိန်အထိ သက်ဝင်လှုပ်ရှားနေတတ်တယ်။ မှောင်ရီပျိုးစအချိန်အထိ အဖေရဲ့ သစ်သားအိမ်အိုဟောင်းလေးရှေ့က ဘောလုံးပွဲ ဟာ ငြင်းခုံသံတွေနဲ့ အဆုံးမသတ်ခဲ့ဘူး။
ဝမ်ဘစ်ဆာကာပြောပြတဲ့ ဘဝရဲ့ အစိတ်အပိုင်းများ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago